02

164 36 4
                                    

လက်ဆောင်မပါဘူးဆိုပြီး ပြောနေတဲ့ မွေးနေ့ရှင်ကြောင့် ဂျီအွန်းအခက်တွေ့သွားတယ်။

ဒီကောင်လေးထူးဆန်းတယ်။

ဂျီအွန်းကို အမြဲပြုံးပြရုံနှုတ်ဆက်ပြီး ယယ်ဂျွန်းနားပဲ ကပ်နေတတ်တဲ့ ဆော့ဝူဟျွန်းက အခု သူ့ညီ ယယ်ဂျွန်းကိုကျော်ပြီး ဂျီအွန်းကို စကားတွေလာပြောနေတာ။ တကယ်ထူးဆန်းတယ်။

"မနက်ဖြန် တကယ်ပို့ပေးမှာလား"

နှုတ်ခမ်းဆူကာထပ်မေးလာတဲ့ ဆော့ဝူဟျွန်း။

"ကိုယ့်က လိမ်တတ်တဲ့လူလား"

ဂျီအွန်းပြန်မေးတော့ ခေါင်းအသာခါပြတယ်။

ဆော့ဝူဟျွန်းမွေးနေ့မှ မဟုတ်ဘူး ဆော့အိမ်တော်က လုပ်တဲ့ ပွဲတော်မှန်သမျှအကုန်နီးပါးကို ဂျီအွန်းတက်တယ်။ ဂျီအွန်းက ရာထူးပိုကြီးပေမဲ့လည်း ဗိုလ်မှူးကြီးနဲ့ သူနဲ့ ဆက်ဆံရေးက ဆရာနဲ့ တပည့်လိုဖြစ်နေတာကိုး။

မွေးနေ့ပွဲတိုင်းလည်း သူလက်ဆောင်ယူလာပါတယ်။ ဒီနှစ်လက်ဆောင်အတွက် သူနှင်းဆီအဖြူရောင်အပင်ကို ရွေးထားတာ။ အခုယူလာရအဆင်မပြေဖြစ်လို့ နောက်နေ့မှ သေချာလေးပို့ပေးမယ်တွေးထားတာကို။

လက်ဆောင်ပါလာတဲ့နှစ်တွေတုန်းကတော့ တစ်ခါလေးပဲလာနှုတ်ဆက်ပြီး အခုမယူလာမိတဲ့အခေါက်မှ လက်ဆောင်လာတောင်းနေတဲ့ မွေးနေ့ရှင်ကြောင့် ဂျီအွန်းထူးဆန်းနေတာ။

"ဘာလက်ဆောင်မလို့ တခါထဲမယူလာတာလဲ"

"ဝူဟျွန်း ကိုယ်နဲ့သွားကမလား"

ဝူဟျွန်း နဲ့ ယယ်ဂျွန်း ဆီက ပြိုင်တူထွက်လာတဲ့ အမေးစကားများ။

"ကျွန်တော် မကချင်သေးလို့ ယယ်ဂျွန်းဟျောင်း တခြားတစ်ယောက်နဲ့ ကလိုက်ပါလား"

ဒီတစ်ခါထူးဆန်းရတာတော့ ဂျီအွန်းတစ်ယောက်ထဲမဟုတ်တော့ဘူး။ ဝူဟျွန်း ကဖို့ငြင်းလိုက်တာကို ကြားလိုက်ရတဲ့ သူတို့အနားကလူတွေအကုန် ထူးဆန်းကုန်ကြတာ။

ဆော့ဝူဟျွန်းက ကင်ယယ်ဂျွန်းကဖို့ ခေါ်တာကို ငြင်းလိုက်တယ်။ ယယ်ဂျွန်းနားအမြဲကပ်နေပြီး သူကလွဲရင် တခြားလူနဲ့ ကတာမျိုး လက်မခံတတ်တဲ့ ဝူဟျွန်းဘက်က ကဖို့ကိုငြင်းလိုက်တာ။

Rewritten DestinyWhere stories live. Discover now