Seokmin တော့ ကျောင်းသွားရမှာကိုတောင်စိတ်ညစ်နေမိသည်။ အပျင်းတစ်နေလို့မဟုတ်ရပါဘူးနော်၊ အထင်လွဲကြမှာစိုးလို့ ဟွန့်။Seokmin ကျောင်းပြန်တက်တဲ့နေ့ကစပြီး တစ်ခန်းလုံးကမေးတဲ့မေးခွန်းတွေကို ထိုင်ဖြေရတာပင်ပန်းလို့ပါ။
Joshua နဲ့တွဲနေတာမဟုတ်တဲ့အကြောင်း၊ သူ့ဘာသူအခန်းရှေ့လာတာ Seokmin နဲ့မဆိုင်ကြောင်း ဒါတွေပဲဖြေရတာ ကြာတော့စိတ်တိုလာပြီလေ။
ဒီကြားထဲ သူတို့အကြောင်းတွေလာမေးတဲ့လူတွေကရှိသေး၊ မသိပါဘူးဆိုလည်း မရဘူး အတင်းမေးကြတာပဲ၊ အော်သာငိုပလိုက်ချင်တော့တယ်။ တကယ်။
နောက်မှ MyungHo ပြောပြတာကတော့ အဲ့ဘဲကြီးက ကျောင်းမှာတော်တော်နာမည်ကြီးတဲ့သူဆိုတာသိလိုက်ရတယ်။
သူတို့တစ်ဖွဲ့လုံးက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တွေပေမယ့် အဲ့ဘဲကြီးကလွဲပြီး ကျန်တဲ့သုံးယောက်က ရည်းစားကိုယ်စီရှိကြတာမို့ မိန်းကလေးတွေရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်နေတာပေ။
ပြီးတော့အရေးကြီးဆုံးတစ်ချက်က သူ့သူငယ်ချင်းသုံးယောက်လုံးက ဘယ်လောက်ရေလောင်းလောင်းပြန်မစိုတော့မယ့် နှင်းဆီတွေမို့ တစ်ပွင့်တည်းသောသူ့ကိုတော့ gayမသွားဖို့ တစ်ကျောင်းလုံးကမိန်းကလေးတွေကဆုတောင်းနေကြတယ်ဆိုတာပါပဲ။
MyungHo တောင်မှ သူ့အချစ်လေး Hyung Junhui က အဲ့ဘဲနဲ့သူငယ်ချင်းဆိုတာ ဟိုနေ့ကမှသိတာလို့ပြောပြတယ်။ ကျန်တဲ့သူတွေကိုသာပြဿနာလိုက်ရှာတတ်တဲ့ကောင်က အခုကျသူ့အချစ်လေးက အားလုံးထဲကမှသူ့ကိုရွေးချယ်ထားတာဆိုပြီး မှိုရတဲ့ရုပ်ကြီးတဲ့ကြွားနေတာ အမြင်ကပ်စရာ။
ဘာပဲဖြစ်ဖြစ်ပါ Seokmin ကတော့ အဲ့ဘဲအတန်းရှေ့ကိုထပ်ရောက်မလာဖို့မျှော်လင့်တယ်။ သူ့ရင်ထဲမှာ ကိုကိုရှိနေပြီလေ အဲ့ဘဲကြီးမလိုတော့ဘူး။
Message notifications 📩
Noti သံကြားတာနဲ့ Seokmin ကတော့အပျော်လွန်နေတဲ့မျက်နှာကြီးဖြစ်သွားတာပါပဲ။
YOU ARE READING
My Boyfriend is from Flirt Page !🌷💌
FanfictionFlirt page သွားမိရာကနေစခဲ့တဲ့ အချစ်...