✉️🌻 - မနက်ဖြန် canteen မှာတွေ့ကြရအောင် အကိုစာကိုဖတ်ပြီးJoshua ဘာလုပ်ရမှန်းတကယ်မသိဘူး..အဲ့တာမလို့ Seung Cheol တို့ဆီပါဖုန်းဆက်ပြီး သူနဲ့အတူလိုက်ခဲ့ပေးဖို့အကူအညီတောင်းရတယ်...
Phone Ringing 📞
"Hello ဒီအချိန်ကြီးဘာဖြစ်ပြန်ပြီလဲ"
"ငါ့အကြောင်းကို ကလေးလေးကသိသွားပြီ"
"ဟမ်"
Seung Cheol အ်ိပ်ချင်မူးတူးဖြစ်နေတာတောင် ဘယ်ရောက်သွားမှန်းမသိ။
"ဘယ်လိုဖြစ်တာလဲ မင်းပြောလိုက်တာလား"
"နေဦး ငါအခုမင်းဆီလာခဲ့မယ်၊ Hannie တို့ကိုပါဝင်ခေါ်ခဲ့မယ် စောင့်နေ"
Joshua သူတို့ကိုစောင့်နေရင်း တစ်ခုခုကိုသတိရသွားတာမလို့ အမြန်ဖုန်းပြန်ဆက်ရတော့တယ်။
"အေး ပြော ငါတို့ရောက်တော့မယ် Junnie လည်းပါလာတယ်"
"MyungHo နဲ့ Mingyu ကိုကလေးလေးဆီသွားခိုင်းလိုက်စမ်းကွာ"
"ဘာကြီး နေဦးငါကားမောင်းနေလို့ hannie နဲ့ပြောလိုက်"
"Jeonghan yaa ငါ့ကလေးလေးကိုစိတ်ပူလို့ အဲ့တာသူ့သူငယ်ချင်းတွေကိုဖုန်းဆက်ပေးပါလားကွာ"
"ငါ့မှာမှသူတို့ဖုန်းနံပါတ်မရှိတာ"
"Junnie ကိုပြောခိုင်းပေး"
"အလုပ်တော်တော်ရှုပ်တဲ့ကောင်ပဲ"
"အေး ပြောပေးမယ် ရပြီလား ဒါပဲ"
"ကျေးဇူးတင်.."
စကားတောင်မဆုံးသေး တစ်ဖက်ကဖုန်းချသွားတာမလို့ Joshua ပြန်လည်းမခေါ်ရဲ။
MyungHo ဆီဖုန်းဝင်လာတော့ Mingyu ကဘယ်သူလဲဆိုတဲ့သဘောနှင့်လှမ်းစပ်စုတယ်။
"လမ်းကအရှေ့မှာ သေချာကြည့်မောင်း"
"ဘယ်သူဆက်တာလဲ Seokmin လား"
"မဟုတ်ဘူး ငါ့ရည်းစား"
MyungHo ဖုန်းကိုင်တော့မှ Junnie ကပါအဖြစ်အပျက်တွေအကုန်ပြောပြတော့ MyungHo တို့ကလည်းအခုပဲSeokmin ဆီသွားနေတာဖြစ်ကြောင်းပြန်ပြောသည်။