"ကိုကို ဒီညဒီမှာအိပ်သွားမယ်နော်"
မုန့်စားပြီးလို့ ပစ္စည်းတွေသိမ်းနေချိန် မဆီမဆိုင်ထပြောလာသည့် ကိုကိုကြောင့် Seokmin လည်းအလန့်တကြား ငြင်းရတော့သည်။
"ဟင် မရဘူးလေ"
"ဘာကိုမရတာလဲ"
"ဟို..."
"အင်း ပြောပါဦး ဘာကမရတာလဲ"
"ကိုကိုအိပ်လို့မရတာ"
"ဟောဗျာ ကိုကိုကဘာလို့အိပ်လို့မရတာလဲလို့"
"ကိုကိုတို့ရော ဘိုးဘွားမကန်တော့ဘူးလား"
"အော် အဲ့တာလား မနက်ကျထသွားလိုက်မှာပေါ့"
"ကိုကို့ မေမေကိုဝိုင်းကူလုပ်မပေးတော့ဘူးလား"
"အိမ်မှာလုပ်မယ့်လူတွေမှအများကြီးပဲဗျာ ကိုကိုတောင်မလိုဘူး"
"...."
"တကယ်ပြောတာ ပြီးတော့ကိုကိုကလည်း ဘာမှမလုပ်တတ်ဘူးလေ"
"လူဆိုးလုပ်နေတာပဲ ဒီကိုကိုကတော့"
"အသည်းဖက်ထုပ်လေးရဲ့ လူဆိုးကြီးလေ"
"ကျွန်တော်က လူလိမ္မာလေးကိုပဲချစ်တာ"
"လူလိမ္မာလေး for u, လူဆိုး for everyone"
ဆောရီးပဲ သူငယ်ချင်းတို့။ မင်းတို့အားလုံးအတွက်တော့ လူလိမ္မာလေးမဖြစ်ပေးနိုင်လို့ စိတ်မကောင်းဘူး။
"တော်တော်တတ်နေတာ ဟုတ်လား"
"ဟုတ်"
"ကိုကိုနော်"
စကားဆုံးတာနဲ့ ပါးပြင်ပေါ်ကိုကျရောက်လာသည့် အနမ်းတစ်ပွင့်။
" ဟ ဘာလို့နမ်းတာလဲ မပြောမဆိုနဲ့"
"ချစ်လို့"
YOU ARE READING
My Boyfriend is from Flirt Page !🌷💌
FanfictionFlirt page သွားမိရာကနေစခဲ့တဲ့ အချစ်...