နေ့သစ်မှာ နှိုးထလာတာနဲ့ အရင်ဆုံးစဥ်စားမိတာက ပြန်အိပ်ဖို့ပါပဲ ။
"အားး အိပ်ချင်တယ် "
လုပ်စရာတွေများတာမို့ အိပ်ရာထဲလူးလှိမ့် မနေတော့ဘဲ ထလိုက်တော့တယ် ။
မျက်နှာသစ်ကိုယ်လက်သန့်စင် ၊ မနက်စာစားပြီးတာနဲ့ စာကြည့်စားပွဲမှာထိုင်ကာ မနေ့က ကိုငြိမ်းအေးချမ်းပြောတဲ့ ကိစ္စကို သေချာပြန်စဥ်းစားကြည့်မိတယ် ။
စိတ်ဆုံးဖြတ်ပြီးတာနဲ့ Note စာအုပ်မှာ စာတွေကုန်းရေးနေတဲ့ 'နွေဦးဝိုင် '
🍀🚲🍀
"အဲ့တော့ ဒီထဲကအတိုင်း မင်းကလုပ်မယ်ပေါ့ "
"ဟုတ်ကဲ့ "
"ဒါက လိုလို့လား "
မနက်ကျောင်းရောက်တာနဲ့ စာရွက်တစ်ရွက်နဲ့အတူ ငြိမ်း မျက်စိရှေ့ရောက်လာတဲ့ ကောင်လေး ... ။
စာရွက်ထဲမှာ သူ ကိုယ့်အပေါ်နေ့စဥ်လုပ်မယ့် Mission တွေတသီတတန်းနဲ့
မေးလိုက်တော့ လက်ကလေးနှစ်ဖက်ပေါင်ပေါ်တင်ပြီး သေချာရှင်းပြမယ့်ဟန် ။"လိုတာပေါ့ဗျ တစ်ဖက်သတ်ချစ်တဲ့သူတွေက သူတို့ချစ်ရသူအပေါ်ကို ဘယ်လိုအပြုအမူလေးတွေလုပ်တက်တယ်ဆိုတာ ရှိတယ်လေ
ဥပမာ - သူ့ Acc ကို တစ်နာရီတစ်ခါလောက်ဝင်ကြည့်တက်တာမျိုး
သူသွားတက်တဲ့ဆိုင်၊ နေရာလေးတွေမှာ သူ့ကိုသွားချောင်းတာမျိုး
ပြီးတော့ ....""ရပြီ တော်တော့ !"
နားထောင်ရင်း ခေါင်းပါမူးလာတယ် ။
"လုပ်ချင်တာသာ လုပ်တော့ "
" ဟီးဟီး ဟုတ် "
လုပ်ချင်တာများလုပ်ခွင့်ရတော့ မျက်နှာလေးက ပြုံးလို့
'နွေဦးဝိုင်' ဆိုတဲ့ ကောင်လေးက တကယ်တော့ ချစ်မွှေးလေးပင် ။ခပ်အုပ်အုပ်ဆံပင်လေးက လမ်းလျှောက်တိုင်း လွှင့်နေတက်တာလေး
အားရပါးရရီလိုက်ရင် မို့တက်လာတဲ့ ပါးဖောင်းဖောင်းလေး"ကိုယ် သွားပြီ "
" ဟုတ် ကိုငြိမ်းအေးချမ်း စိတ်ချပါ
ကျွန်တော် လုံးဝ ခင်ဗျား စိတ်အနှောင့်အယှက်ဖြစ်ရအောင်မလုပ်ပါဘူး "
YOU ARE READING
🍃Fake Crush ∆ Real Love 🍀
Fantasyဇာတ်လမ်းအညွှန်းကို ပြောရရင် အရဲစွန့်ကာ Crush ကိုဖွင့်ပြောမိကာမှ အငြင်းခံရပြီး အရှက်ခွဲခံရချိန် ကျောင်းရဲ့ နာမည်ကြီးစတားလေးနဲ့ တွေ့ဆုံပြီး ဟန်ဆောင်တစ်ဖက်သတ်ချစ်တမ်းကစားနည်း ကို ကစားကြရင်း ချစ်ကျွမ်းဝင်သွားကြတဲ့ ပုံစံလေးပါ ။ ဟန်ဆောင်တစ်ဖက်သတ်ချစ်တမ်းက...