Gia ရဲ့ ဒီနေ့မနက်ခင်းက လုံးဝကို သာယာမနေဘူး။ လိုချင်နေတဲ့ figure အသစ်က ဒီနေ့ထွက်မှာမို့ သွားဝယ်ဖို့လုပ်ထားပေမဲ့ အတန်းချိန်ရှိနေလို့မသွားနိုင်။ အတန်းချိန်ပြီးမှ သွားဝယ်ရင် မကျန်တော့မှာ လေးပုံပုံ သုံးပုံလောက်မို့လို့ လူက အလိုလို စိတ်ဓာတ်ကျနေရသည်။
အတန်းထဲကို လေးလေးပင်ပင်နဲ့လမ်းလျှောက်လာတဲ့ သူ့ကို Wonbin က လက်လှမ်းပြကာ လှမ်းခေါ်နေတာမို့ အသက်မပါတဲ့အပြုံးနဲ့သာ ပြန်ပြုံးပြရင် လျှောက်သွားလိုက်သည်။
"နင် မျက်နှာက ဘာဖြစ်နေတာလဲ Gia?"
အသစ်ထွက်ထားတဲ့ figure လေ ဒီနေ့သွားဝယ်ရမှာကိုဟာ ဆရာ့အတန်းချိန်နဲ့တိုက်နေတယ်"
"အရင်ကလည်း အတန်းလစ်ပြီး နင်သွားနေကျပဲကို အခုလည်း သွားပေါ့"
"ဒီဆရာက ငါ့အမေသူငယ်ချင်းဟ အတန်းလစ်ရင် အိမ်ပေါ်ကနေ ခေါင်းနဲ့ဆင်းရလိမ့်မယ်! သူ့အတန်းပြီးမှာ သွားရင်လည်း ဟိုကကုန်နေလောက်ပြီ"
"စိုးရိမ်မနေပါနဲ့ ရသွားမှာပါ ငါပါလိုက်ခဲ့ပေးမယ်လေ အတူတူလိုက်ရှာပေးတာပေါ့"
"တကယ်နော် အဲ့တာဆိုပြီးရော အတန်းပြီးရင် သွားကြမယ်"
Wonbin ခေါင်းသာငြိမ့်ပြလိုက်တော့ နည်းနည်း မျက်နှာလန်းသွားတဲ့ သူငယ်ချင်းမလေးကြောင့် သူလည်း ပြန်ပြုံးပြလိုက်သည်။ Wonbin တို့ မသိလိုက်တာက အခန်းပြင်မှာ သူတို့ပြောတာကို နားထောင်ရင်း villain ဆန်ဆန်အပြုံးနဲ့ ပြုံးနေတဲ့ Anton ရှိတာကိုပင်။
"ဟယ်လို ဦးလေး Jim လား ကျွန်တော့်ကို ဒီနေ့ ××× store မှာတင်မဲ့ figure တွေ အကုန်ဝယ်ထားပေးပါနော်။"
×××××××××××
"အားးး"
အတန်းပြီးလို့ စာအုပ်သိမ်းနေတုန်း ဘေးက သူငယ်ချင်းမရဲ့ အော်သံကြောင့် Wonbin ကအလန့်တကြား။
"လှန့်လိုက်တာ Gia ရယ် ဘာဖြစ်ပြန်တာလဲ"
"သွားပြီ သွားပြီ ငါ့ figure လေးတွေ ဘယ်ကောင်က အကုန်ဝယ်သွားတာလဲလို့!!"
"ဟမ် ကုန်သွားတာလား? နင်ပဲ ခုနကကြည့်တော့ တစ်ဝက်နီးပါးလောက်ကျန်သေးတယ်ဆို"
YOU ARE READING
My Annoying Boyfriend
Fanfiction"ထိုင်ကန်တော့ဆိုလည်း ကန်တော့ပါမယ် ငါနဲ့ ဆယ်ပေလောက်အကွာကနေ နေစမ်းပါ Anton Leeရယ်" "ထိုင်ကန်တော့ခိုင်းစရာလား ကိုယ်ကဖြင့် ဘေဘီဟျောင်းလေးကို ချစ်လို့တောင်မဝတာကိုကွာ"