"Anton က Art and Science က queen နဲ့တွဲနေတာတဲ့"
"အမ် ဟိုတနေ့က ငါတွေ့လိုက်တာတော့ Law က တစ်ယောက်နဲ့ပါဟ"
"အဲ့တစ်ယောက်နဲ့က တွဲတာ သုံးရက်ရှိသွားပြီလေ Anton အကြောင်းလည်းသိရဲ့သားနဲ့"
"ငါလည်း တစ်ခေါက်လောက် Anton နဲ့တွဲချင်မိတယ် "
"ဆုတောင်းလေ သူငယ်ချင်း ဟိုက အချောအလှတွေပဲကြိုက်တာ နင်တို့ ငါတို့လောက်ကို သူ့မျက်လုံးထဲဝင်မယ်ထင်နေလား"
စသည့်ဖြင့် ကြားနေရတဲ့ ထို Anton ဆိုတဲ့တစ်ယောက်ရဲ့အကြောင်းတွေ...။Wonbin ကျောင်းစရောက်တဲ့နေ့ကတည်းက လူကိုမမြင်ဘူးပေမဲ့ အမြဲတမ်းကြားနေရတဲ့ အဲ့တစ်ယောက်အကြောင်းတွေက နားနဲ့မဆံ့အောင်ပင်။ ရည်းစားထည်လဲတွဲတတ်ပြီး ဘာကိုမှအလေးအနက်မထားတတ်လူလို့ Wonbin ကတော့ မှတ်ယူတယ် အဲ့တာကြောင့်လည်း တွေ့ရင် ဝေးဝေးကရှောင်ဖို့ ဆုံးဖြတ်ထားနှင့်ပြီးသား။
အခုတော့မဟုတ်တာတွေကို ခေါင်းထဲကထုတ်ပြီး ကျောင်းနားက cafe ကိုထွက်လာခဲ့လိုက်တော့သည်။ ခေါင်းကြည်သွားအောင် တစ်ခုခုသွားသောက်ရမယ်။ ရှေ့တစ်ပတ်ကမှကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ်ဖြစ်နေတဲ့အတွက် ကျောင်းစာ လုပ်စရာတွေက တပုံတပင်မို့ ခပ်သွက်သွက်လျှောက်လာလိုက်သည်။
✿✿✿✿✿✿✿✿
At Latte Da cafe,
"ခဏနေကျရင် ရုပ်ရှင်သွားကြည့်ကြရအောင်လေ ကို "
"ဟုတ်ပါပြီဗျာ ကိုယ့်ကောင်မလေးသဘော ဒီနေ့တနေ့လုံး ကိုယ့်အချိန်တွေကို မင်းအတွက်ပေးမယ် ဟုတ်ပြီလား"
"အာ့တာကြောင့် ကို့ကို အများကြီးချစ်နေရတာပေါ့"
"အတတ်ကလေးပဲနော်"
Anton တစ်ယောက် ရည်းစားအသစ်လေးနဲ့ cafe တစ်ခုကိုရောက်နေခြင်း။ တစ်ဖက်က မိန်းကလေးက ချစ်တယ်ဆိုလာတယ်အခါ Anton ဘက်ကအဖြေကရော No နော် Anton Lee က ကိုယ့်ကိုကိုယ်ကလွဲရင် ဘယ်သူ့ကိုမှမချစ်ဘူး...။ ရည်းစားထည်လဲတွဲတယ်ဆိုတာလည်း လူမှုရေးအရ။ တစ်ယောက်ကို သုံးရက်ပဲတွဲတတ်တဲ့ သူ့အကျင့်။ဒါကို သဘောကျနေတဲ့ မိန်းကလေးတွေမှ အများကြီးပင်။
YOU ARE READING
My Annoying Boyfriend
Fanfiction"ထိုင်ကန်တော့ဆိုလည်း ကန်တော့ပါမယ် ငါနဲ့ ဆယ်ပေလောက်အကွာကနေ နေစမ်းပါ Anton Leeရယ်" "ထိုင်ကန်တော့ခိုင်းစရာလား ကိုယ်ကဖြင့် ဘေဘီဟျောင်းလေးကို ချစ်လို့တောင်မဝတာကိုကွာ"