" Wonbin Park ရှိတဲ့နေရာတိုင်းမှာ Anton Lee ရှိတယ်"တစ်ပတ်တိတိ Wonbin နားကို မယောင်မလည်လာရတာတစ်မျိုး ပေါ်တင်လာတွေ့ပြီး အီတဲ့စကားတွေလာပြောတာ တစ်ဖုံကြောင့် ကျောင်းဝန်းထဲမှာ ကြားလာရတဲ့ ခေါင်းစဉ်တစ်ခု။ တနေ့တနေ့ Wonbin ထိုတစ်ယောက်နဲ့မတွေ့အောင် ပတ်ပြေးရတာလည်း အလုပ်တစ်ခုဖြစ်လာတယ်။
ကျောင်းဝန်းထဲဝင်ခါနီး ဘေးဘီကြည့်တော့ အနှောက်အယှက်ပေးမဲ့လူရဲ့အရိပ်အယောင်မတွေ့တာမို့ အေးဆေးလျှောက်လာတုန်း စီးလာတဲ့ ဖိနပ်က အကျိုးမပေးစွာပင် ပျက်သွားတော့သည်။ အတန်းချိန် တစ်ချိန်ထဲဖြစ်တာတစ်ကြောင်း ပြီးတာနဲ့ အဆောင်ပြန်ပြီး assignment လုပ်ဖို့ စဉ်းစားထားတာကြောင့် ကွင်းထိုးဖိနပ်ကိုပဲ အလွယ်စီးလာမိခြင်း။
အခုတော့ ဒုက္ခရောက်ပြီ ရှေ့ပဲဆက်သွားရမလား ဖိနပ်ချွတ်ပြီးလျှောက်ရမလား နေရာမှာရပ်ကာ တွန့်ဆုတ်နေတုန်း ကြားလိုက်ရတဲ့အသံ
"ဟေးး ဘေဘီဟျောင်းလေး!!!"
ဘယ်သူလဲ သိနေတာမို့ ပြန်လည်းမထူးဖြစ်သလို လှည့်လည်းမကြည့်ဖြစ် ။ Wonbin ပြန်မထူးလို့ ထင်ပါရဲ့ သူ့အနားကို ပြေးလာတဲ့ ခြေသံကို ကြားလိုက်ရသည်။
"ဟူး..မောလိုက်တာ ဘေဘီဟျောင်းလေးက ခေါ်နေတာလဲပြန်မထူးဘူး..။ ကိုယ့်ကိုဆို ဒီပါးစပ်လေးက ရန်ပြန်စွာဖို့ပဲ တတ်တယ်နော် ဟီး""
ဖိနပ်ပျက်လို့ ဘူနေရတဲ့အထဲ ဘေးကနေ လာစနေတဲ့ သောက်ကလေးကို ဘာမှပြန်မပြောပဲ မျက်မှောင်ကြုံကာကြည့်လိုက်တော့ ပြန်ရယ်ပြလာတယ်။
"ဒါနဲ့အတန်းထဲမသွားသေးပဲ ဘာရပ်လုပ်နေတာလဲ? မဟုတ်မှ ဘေဘီဟျောင်းလေးက ကိုယ့်ကိုစောင့်နေတာထင်တယ်"
"အားအားယားယား မင်းကိုစောင့်စရာလား ဒီမှာ.."
ပြောရင်းနဲ့ ဖိနပ်အခြေအနေကို တစ်ချက်မေးငေါ့ပြလိုက်တော့ Wonbin မထင်ထားတာကိုလုပ်လာတဲ့ Anton..။
Wonbin ဘေးမှာ ဒူးထောက်ထိုင်ချရင်း ခြေထောက်ကိုအသာလေးမပြီး ပျက်သွားတဲ့ဖိနပ်ကို ချွတ်ကာ သူ့စီးလာတဲ့ ဖိနပ်ကို ဝတ်ပေးလာတဲ့ Anton...။ ရုတ်တရပ်မို့ Wonbin ရဲ့လက်တွေကလည်း Anton ရဲ့ပခုံးကို ကိုင်မိလျက်သား။
YOU ARE READING
My Annoying Boyfriend
Fanfic"ထိုင်ကန်တော့ဆိုလည်း ကန်တော့ပါမယ် ငါနဲ့ ဆယ်ပေလောက်အကွာကနေ နေစမ်းပါ Anton Leeရယ်" "ထိုင်ကန်တော့ခိုင်းစရာလား ကိုယ်ကဖြင့် ဘေဘီဟျောင်းလေးကို ချစ်လို့တောင်မဝတာကိုကွာ"