Part 41 ( Z+U )

59 11 0
                                    


Z

ဒီနေ့နဲ့ဆို ဂျပန်ကို ရောက်တာ ၄ရက်မြောက်နေ့ ဖြစ်နေပြီ။ ဒီနေ့မှ rutoက junkyuကို ကုမ္ပဏီခွဲက အစည်းအဝေးကို ခေါ်သွားလေသည်။ အစည်းအဝေးက ဒီနေ့မှဆို ဆရာက တမင်စောပြီးလာတာပါလားလို့ junkyu တွေးလိုက်သည်။ ကုမ္ပဏီရောက်တော့လည်း junkyuတစ်ယောက် ပါးစပ်ပိတ်၍သာ rutoနောက် လျှောက်လိုက်နေရသည်။ သူတို့အချင်းချင်းဘာတွေပြောမှန်းလဲ တစ်လုံးမှနားမလည်ပေ။ အစည်းအဝေးခန်းထဲ မှာလည်း rutoကိုသာ ငုတ်တုတ် ထိုင်ကြည့်နေလေသည်။

လူကြီးတစ်ယောက်လို ဝတ်စားထားတဲ့ rutoက ဘယ်သူမဆို မြင်လိုက်တာနဲ့ တုန်လှုပ်သွားနိုင်လောက်အောင် အရှိန်အဝါရှိသည်။ ဂုတ်ထောက်နေတဲ့ ဆံပင်ရှည်တို့ကို အကျအန ပုံသွင်းပြီး ဖြီးထားတဲ့ ပုံလေးကလည်း မြင်သူတိုင်းငေးမောချင် လောက်အောင် ချောမောနေပြန်ပါသည်။ အဘက်ဘက်က ပြည့်စုံနေတဲ့ rutoလို ယောက်ျားတစ်ယောက်ကို မလိုချင်တဲ့သူ ဘယ်သူရှိမှာလဲ။ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းကြီးတစ်ခုလုံးကို ကိုယ်တိုင် တည်ထောင်ဦးစီးပြီး နိုင်ငံခြားအထိ ကုမ္ပဏီခွဲတွေကို ဦးစီးနိုင်တယ်ဆိုတာ တော်ရုံ အရည်အချင်း မျိုးဆိုမဖြစ်နိုင်ပေ။ ကုမ္ပဏီက ထုတ်ကုန်တိုင်းကလည်း ဒီဇိုင်းရော အရည်အသွေးပိုင်းမှာပါ စိတ်ချရပြီး ဈေးကွက်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်သည်။ အခုချိန်ထိကို နမည်ပျက်အလျင်းမရှိ။ အတိုက်အခိုက်တွေကိုလည်း ညာဏ်ပါပါနဲ့ ဖြေရှင်းသေးတယ်ဆိုတဲ့ rutoအကြောင်းတွေကို ကြားတော့ junkyuပင် ယုံတောင်မယုံနိုင်ဖြစ်ရသည်။ ဆရာက အဲ့လောက်တောင်တော်တာလားလို့ စိတ်ထဲကနေ ချီးကျူးရင်း တကယ့်ကို လေးစားအားကျရပါသည်။ အများအမြင်မှာတော့ rutoက ခပ်တည်တည်နေတတ်တဲ့ သူတစ်ယောက်ပေါ့လေ။  သူ့အနားကပ်ဖို့တောင် အားလုံးက ကြောက်နေကြသည်။ junkyuအတွက်တော့ rutoက ကလေးတစ်ယောက်လိုပင်။ ဟုတ်တယ်...နွေးထွေးမှုနဲ့ မေတ္တာတွေကို တောင့်တနေတဲ့ ကလေးတစ်ယောက်... အထီးကျန်နေတဲ့ ကလေးလေးတစ်ယောက်ပင်.....
ဒါပေမဲ့ rutoရဲ့ ပုံစံတွေအကုန်လုံးကို junkyu သဘောကျသည်။

' ဘယ်လိုပုံစံပဲဖြစ်နေနေ ကျွန်တော့်အတွက်တော့ ဆရာက ဆရာပဲ။ ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး။ ကျွန်တော်က ဆရာ့ကို ချစ်တာ ဆရာ့ရဲ့အပေါ်ယံ ပုံပန်းသဏ္ဍန်တွေကို ချစ်တာမဟုတ်လို့ ဆရာဖြစ်နေရင်ပဲ ရပြီ....'

💝 My Heart Is Yours  💝Where stories live. Discover now