Part 55 ( Z+U )

74 12 5
                                    

Z

နေ့သစ်လေးတစ်ခု အစပြုလာခဲ့လေပြီ....
မျက်လုံးအစုံကို ဖွင့်လိုက်တာနဲ့ မြင်လိုက်ရသော ချစ်ရသူရဲ့ ပုံရိပ်လေးကြောင့် rutoရင်ထဲ အေးချမ်းသွားရသည်။ ဒီကနေ့ရဲ့ မနက်ခင်းလေးက နေ့တိုင်းထက်ကို ထူးခြားပြီး ပြည့်စုံသလိုပင်.... မိုးကောင်းကင်ပေါ်က နေမင်းကြီးရဲ့ အလင်းရောင်ကလည်း ဒီနေ့မှပင် ပိုပြီးလှပနေသလို ခံစားနေရသည်။ 

အရင်ဆုံး rutoက အိပ်နေသော ကောင်လေးရဲ့ ပါးကို ခပ်ဖွဖွနမ်းလိုက်ပါသည်။ ပါးထက်သို့ ကျရောက်လာသည့် နူးညံ့သော အထိအတွေ့လေးကြောင့် ရင်ခွင်ထဲကကောင်လေးကလည်း  မျက်လုံးတို့ကို ဖွင့်ကြည့်လာလေသည်။

" morning ဂျွန် "

အနွေးထွေးဆုံး အပြုံးတစ်ခုဖြင့် rutoက စကားဆိုသည်။

junkyuကတော့ ဘာမှ ပြန်ပြောခြင်းမရှိပါပဲ rutoရင်ခွင်ထဲသို့ ပို၍တိုးဝင်ကာ ထပ်အိပ်နေလေသည်။ rutoလည်း သဘောတကျ ရယ်လိုက်ရင်း....

" ထတော့လေ မောင့်ရဲ့ အိပ်ပုတ်လေး  "

ထိုစကားကြားလိုက်ရတဲ့အချိန် junkyuအိပ်ချင်တဲ့ စိတ်တွေပင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကာ အံ့သြဟန်ဖြင့် rutoကို ကြည့်နေမိသည်။ rutoက junkyuနှာခေါင်းကို လက်လေးနဲ့ ဆွဲညှစ်လိုက်ရင်း....

" ဘာတွေအံ့သြနေတာလဲ မောင့်ကလေးလေး "

junkyuတစ်ယောက်တော့ အိမ်မက် မက်နေသလား ဟုတောင် ထင်မိလေသည်။ rutoသူ့အပေါ် ဆက်ဆံပုံတွေက အရင်ကနဲ့ တခြားစီပင်။ အခေါ်အဝေါ်  ပြောင်းလဲသွားပုံကလည်း အံ့သြစရာကောင်းလှသည်။ ဒါဆို သူ့ကို ချစ်တယ်လို့ပြောတာက တကယ်ပဲလား။ ဒါမှမဟုတ် ထပ်ပြီးလာကစားနေပြန်တာလား။ သိစိတ်ကသာ စိတ်ဆိုးဟန်ဆောင်နေခဲ့ပေမယ့် မသိစိတ်တွင်တော့ junkyuတစ်ယောက် rutoဆီမှာ အကြိမ်ကြိမ်ထပ်မံ ပြိုလဲခဲ့ပြီးဆိုတာ ညက အဖြစ်အပျက်က သက်သေပင်။ junkyuဘဝမှာ ruto စကားတွေ၊အကြည့်တွေ၊ အထိအတွေ့တွေကို လွန်ဆန်နိုင်စွမ်းရှိရိုးလား....

အမြဲတမ်းအရိပ်တကြည့်ကြည့်နဲ့ ဘာမဆို အပြစ်မမြင်ရက်ပဲ ချစ်ခဲ့ရတဲ့သူပါ.... သူကဘယ်လိုလုပ်ပြီး rutoအပေါ်
ရက်စက်နိုင်မှာတဲ့လဲ.... Rutoက သူ့အတွက် ဒုတိယအကြိမ် အခွင့်အရေးပေးဖို့ တောင်းဆိုခဲ့ပေမဲ့ တကယ်တမ်းကျ junkyuကသာ တောင်းဆိုသင့်တဲ့ သူပါလေ.... ဒါပေမဲ့ သူစိတ်ဆိုးနေမှဖြစ်ဦးမည်။ ကိုယ့်ကိုယ်ကို သတိပေးကာ junkyu ပြန်ပြောလိုက်သည်က....

💝 My Heart Is Yours  💝Where stories live. Discover now