Part 49 ( U )

57 15 2
                                    

U

" မင်း ဘာပြောလိုက်လဲဆိုတာ ကိုယ့်ကိုယ်ကို သိရဲ့လား ယောင်း "

ဒေါသနှင့်အတူ ကျယ်လောင်သော jeahyukအသံထွက်ပေါ် လာခဲ့သည်။ doyoungက ကုတင်ကို မှီပြီး လှဲနေကာ jeahyukကတော့ မတ်တပ်အနေအထားတွင် ရှိနေသည်။

" ကျွန်တော်သေချာ စဉ်းစားပြီးပြီ ဟျောင်း ပြီးတော့ ဆုံးဖြတ်ချက်လည်း ချလိုက်ပြီ "

" မင်းလုပ်နေတာတွေ မှန်တယ်လို့ တွေးနေတာလားယောင်း  ဘာလဲ အဓိပ္ပာယ်မရှိတာ သတ်သေမယ်ဟုတ်လား "

" အနည်းဆုံးတော့ ကျွန်တော့်ကြောင့် တခြားတစ်ယောက် ရှင်သန်နိုင်သွားမယ်လေ "

" မင်း rutoကို နည်းနည်းမှ ထည့်မစဉ်းစားတော့ဘူးလား "

" ကျွန်တော် မောင့်အတွက် စဉ်းစားတာပေါ့ အခုလည်း မောင့်အတွက်ပဲတွေးပြီး ဒီလမ်းကို ရွေးချယ်ခဲ့တာ "

" မင်း ဘာတွေတွေးနေတာလဲဟမ် မင်းရဲ့ အခုအခြေအနေက အရမ်းဆိုးနေတာလည်း မဟုတ်ဘူး အခုတောင် ပြန်သက်သာနေပြီ မဟုတ်လား "

" ဟင့်အင်း ကျွန်တော် တကယ်မသက်သာသေးဘူး... ကျွန်တော် နာကျင်မှုတွေကိုလည်း မခံစားနိုင်တော့ဘူး... ဆရာဝန် ပြောပုံအတိုင်းဆိုရင် ကျွန်တော်နောက်ထပ် အလွန်ဆုံး အသက်ရှင်နိုင်လည်း ၂လပေါ့... ဒါတောင် မသေချာသေးဘူး... အဲ့ထက်လည်း စောသွားနိုင်တာပဲ... ကျွန်တော့်ရဲ့ ဒီအခြေအနေကို မောင့်ကို မမြင်စေချင်ဘူး... မောင့်မျက်ရည်တွေကို ကြည့်ဖို့ ကျွန်တော်အားမရှိဘူး ဟျောင်း.... ကျွန်တော်တောင့်မခံနိုင်တော့ဘူး "

" အဲ့တော့ မင်းက လွယ်လွယ်လေး အရှုံးပေးလိုက်တော့ဖို့လား ဆရာဝန်ပြောခဲ့တာ ၆လဆိုပေမယ့် မင်းသာ သေချာ ဆေးကုသမှု ခံယူမယ်ဆိုရင်..."

" ၂နှစ်လေ..."

Doyoungက စကားကို ကြားဖြတ်လိုက်သည်။

" ၂နှစ်ပြီးသွားရင် ကျွန်တော်က သေမှာပဲ... အဲ့၂နှစ်ထိတောင် အသက်ရှင်နေမယ်လို့ ဟျောင်း အာမခံနိုင်လို့လား "

Jeahyukတိတ်ဆိတ် သွားခဲ့သည်။

" ဒီလမ်းက ဟျောင်းတို့အတွက် အရမ်းခါးသီးမှန်း ကျွန်တော်သိတယ်... ခုချိန်က သေချာ ဆုံးဖြတ်ရမှာပဲ... ကျွန်တော်သာ သူ့ကို ကယ်လိုက်နိုင်ရင် သူအသက်ရှင်သွားမယ်... အခုချိန်သာ မကယ်ဖြစ်လိုက်နိုင်ရင် ကျွန်တော်တို့က ၂ယောက်လုံး သေသွားရမှာ... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က သေမဲ့သူပဲလေ နည်းနည်းလေး စောသေသွားလို့ ဘာမှထူးမသွားဘူး.... သူ့အတွက်တော့ မတူဘူးလေ မောင့်အတွက်ရောပဲ "

💝 My Heart Is Yours  💝Where stories live. Discover now