Part 7 U+Z

17 0 0
                                    

Unicode

အင်းလေးသို့..

အင်းလေးကိုရောက်တော့ ညနေစောင်းနေပြီဖြစ်သည်။
တည်းရမည့် ဟိုတယ်က ဘွတ်ကင်ယူထားပြီးတာကြောင့် ထိုဟိုတယ်ကိုသာ ဦးတည်လာခဲ့ကြသည်။
မီးရောင်တွေကြောင့် အင်းလေးရေပြင်တွေဟာ တလက်လက်နဲ့တောက်ပနေတဲ့ စိန်တွေထက်တောင် ပိုလို့လှနေတယ်။

ဟိုတယ်က တော်တော်ကိုကျယ်ဝန်းလှသည်။
ဟိုတယ်က ဘန်ဂလိုမျိူးနဲ့ဆိုတော့ဂျူလိယာတို့လို လူငယ်တွေပိုအကြိုက်တွေ့သည်။ဂျူလိယာ၊ပန်းနု၊ ပန်းဘရဏီနှင့် မြင့်မျိူးဝတီတို့က တစ်ခန်းရထားသည်။
အခြားသူတွေလဲ လေးပေါက်ပေါင်းတစ်ခန်း။တီချယ်ခင်နှင့် တီချယ်ခက်တို့က တစ်ခန်းစသည်ဖြင့် အသီးသီးရကြသည်။

တစ်နေ့လုံး ကားစီးလာတာကြောင့် ပင်ပန်းမယ်ဆိုပြီး တီချယ်နှစ်ယောက်က ဒီညနေကို အေးဆေးအနားယူမယ်ဟု ပြောထားကြသည်။

ဂျူလိယာတို့အဖွဲ့လဲ ကိုယ့်အခန်းထဲကို သွားဖို့ လုပ်နေချိန်တွင်..

"ဂျူလိယာ..!!"
တီချယ်ခက်၏ အသံ။
တစ်နေ့လုံး ဂျူလိယာ..ဂျူလိယာနဲ့သာ အချိန်ကုန်နေသည့် တီချယ်ခက်ကို ဘေးက ပန်းနု ပန်းဘရဏီတို့အပါအဝင် မြင့်မျိူးဝတီကပါ လှည့်ကြည့်နေသည်။
မပြီးနိုင်သေးဘူးလားဆိုသည့် သဘောဖြင့်။
တီချယ်ခက်က ဂျူလိယာ့ဘေးရောက်လာပြီး လက်မောင်းကို လာဖက်သည်။ဒီလိုကျ သူတို့က ဆရာတပည့်နဲ့မတူပဲ အပန်းဖြေခရီးလာထွက်သည့် အတွဲနှင့်တူသည်။
ကြည့်ပါလား ဂျူလိယာက အရပ်ရှည်ရှည်နဲ့ မိန်းမချောလေး တီချယ်ခက်ကကျ ကြည့်လိုက်ရင် လှလွန်းလို့ ဘာပြောရမလဲတောင်မသိဖြစ်နေတာကို။အခုလို တီချယ်ခက်က ဂျူလိယာ့လက်မောင်းကို ဖက်တွယ်ထားပုံက မသိလျှင် တကယ့်ရည်းစားတွေလို။

"ဂျူလိယာ အိပ်ရဲလား..မအိပ်ရဲဘူးဆိုရင်
တီချယ်ခက်လာခဲ့ရမလား"
တီချယ်ခက်ပြောသည့် စကားကြောင့် ဂျူလိယာ့ဘေးက သုံးယောက်ရွစိရွစိဖြစ်ကုန်သည်။ဒီညအတော်ကဲမည်ဟု စီစဥ်ထားသည်မဟုတ်လား မဖြစ်..မဖြစ်။

"တီချယ်ခက်!"
သုံးယောက်သား၏အသံသည် ညီညီညာညာဟိန်းထွက်လာသည်။
ဂျူလိယာတို့မပြောနဲ့ ဘေးက ဟိုတယ်ဝန်ထမ်းတွေတောင် လှည့်ကြည့်လာသည်။

ခင်နှင့် ကမ္ဘာအဆုံးထိ Where stories live. Discover now