Description ( must read )

4.5K 30 0
                                    

Neko(Bottom) - Sayuri
<အသံတူအောင်ထွက်ဖို့ဆို ‘စာယူရီ’လို့
ထွက်ပါတယ်>

Height - 5'

ဖြူနုသော အသားအရည်ရှိပြီး ခါးထိရှည်‌သော
အနက်ရောင်ဆံနွယ်ရှည်များနှင့်ဖြစ်သည်။
အရပ်ကလေးပုသော်လည်း ခန္ဓာကိုယ်
အချိုးအစားကတော့ သူ့နေရာနှင့် သူရှိကာ
ခါးသိမ်သိမ် တင်ကားကား အချိုးအစားကို
ပိုင်ဆိုင်ထားပြီး အထက်တန်းကျောင်းသားများ
မျက်စိထဲတွင်တော့ နတ်သမီးလေးပမာ။
ခပ်ပြုံးပြုံးလေးနေတတ်ပြီး သဘောကောင်းသူမို့
အလုပ်ခွင်မှ ဆရာ၊ဆရာမများရော
ကျောင်းသားကျောင်းသူများကပါ
ချစ်ခင်ကြသည့် ဆရာမလေးဖြစ်သည်။
မျက်နှာလေးက ချစ်ဖို့ကောင်းတာကြောင့်
ကျောင်းသူလေးလားဟု ခဏခဏ
အထင်မှားခံရသည်။

Private School တစ်ခုမှာ အလုပ်သင်ဝင်လုပ်ရင်း
အလုပ်အကြောင်းသင်ပေးသည့်
ကိုယ့်ထက် အသက်သုံးနှစ်ကြီးသူ စီနီယာမမ
ကျောင်းအုပ်ဆရာမကြီးအပေါ် 
crushမိသွားတဲ့ ဆရာမလေး Sayuri..
စိတ်ညစ်စရာ အလုပ်သင်ကာလအား
Crushမမ မျက်နှာလေးကိုကြည့်ပြီး
ဖြတ်ကျော်ခဲ့ပြီးနောက် ဆရာမ ဖြစ်လာတဲ့အခါမှာ
Crushဖြစ်သူ ကျောင်းအုပ်ဆရာမနှင့်
နီးစပ်ပြီး ကိုယ့်ကိုကိုယ် မသိလိုက်ခင်မှာပဲ
စည်းတစ်ခုကို ကျော်မိသွားခဲ့သည်။

Tachi(Top)- Kiyomi
< အသံထွက်က ‘ခီယိုမီ’ ပါ >

Height - 5'6"

လှိုင်းတွန့်သဏ္ဌာန်ကောက်သော ဆံနွယ်တိုများက
ပုခုံးလောက်သာရှိပြီး အဝါဘက်သမ်းသော
Neutral tone skin ရှိသည်။
အမြန်တမ်း smartကျ ကျော့မော့နေသူမို့
ထက်မြတ်သည့်ဟန်က အထင်သား။
သွယ်လျ‌သောခန္ဓာကိုယ်အချိုးအစားနှင့်
ခြေတံရှည်သွယ်သွယ်များကို ပိုင်ဆိုင်ထားပြီး
Style pantsဝတ်လိုက်လျင်
မိန်းမချင်းကတောင် ပြန်ငေးရသူ။
မျက်နှာထားတည်ပြီး စည်းကမ်းနှင့်
ပတ်သတ်လျင် လက်တစ်လုံးတောင်မျှ
အလျှော့မပေးတတ်သူမို့ ဆရာ၊ဆရာမ များရော၊
ကျောင်းသူ ကျောင်းသားများကပါ
ကြောက်ရွံ့လေးစားရသူဖြစ်သည်။

Private Schoolကို အုပ်ချုပ်ရသည့်
ကျောင်းအုပ်ဆရာမ ရာထူးအလျောက်
အလုပ်နှင့် ပတ်သတ်လျင် စည်းကမ်းတင်းကြပ်ပြီး
တစ်သက်လုံး လူ့အသိုင်းအဝိုင်း၏
စည်း‌ကမ်းဘောင်အတွင်း ပုံစံသွင်းခံထားရသူ
Kiyomi..
အလုပ်တစ်ဖက်နှင့်  အိမ်ထောင်ရေးကိစ္စ
မလစ်ဟင်းအောင်၊ အမျိုးသားဖြစ်သူအပေါ် ‌တာဝန်ကျေအောင် ကြိုးစားရင်း
အချစ်မပါသည့် အိမ်ထောင်ရေးအား
ဟန်မပျက်ထိန်းသိမ်းနေရသည်။
တစ်နေ့တော့ ကိုယ့်ရဲ့ ဂျူနီယာ၊
ဆရာမပေါက်စလေးအပေါ် ခံစားချက်များ
ငြိစွန်းပြီးနောက် မချစ်မနှစ်သက်သည့်
အမျိုးသားအပေါ် သစ္စာဖောက်မိရင်း
ဆရာမလေးနှင့် ရှေ့ဆက်တိုးဖြစ်ခဲ့သည်။

Love LessonsWhere stories live. Discover now