2

3.4K 34 3
                                    

"Sayuri San, 5လွှာက ကျောင်းအုပ်ဆရာမ
ရုံးခန်းကိုသွားပေးပါ"

မတွေ့ပါစေနဲ့ ဆုတောင်းလာသမျှ
အလုပ်ရောက်ရောက်ချင်း ‌မြေညီထပ်က
လမ်းညွှန်ပေးသည့် ဆရာမလေး၏
စကားကိုကြားပြီး ငိုချင်သွားသည်။
ရှောင်မည်ဆိုခါမှပဲ သင်ပေးမည့်သူက
ကျောင်းအုပ်ဆရာမကိုယ်တိုင်ဖြစ်နေသည်။

Sayuri သက်ပြင်းလေးချပြီး 5လွှာသို့
ဓာတ်လှေကားဖြင့် တက်လာခဲ့သည်။
5လွှာတွင် ကျောင်းပွဲများကျင်းပရာ ခန်းမကြီးနှင့်
အစည်းအဝေးခန်းတို့ ရှိသည်။
Meeting roomဘေးတွင်တော့
Sayuri မတွေ့ချင်သည့် မမရှိရာ
ကျောင်းအုပ်ကြီးရုံးခန်းရှိသည်။
ကျောင်းကြီးက အထပ်ငါးထပ်ဖြစ်ကာ
အကြီးကြီးဖြစ်ပြီး ဆောက်လုပ်ထားသည့်ပုံစံများက
ခေတ်မီလွန်းသည်။
ကျောင်းသား၊ကျောင်းသူများအတွက်
ဝန်ဆောင်မှုအပြည့်နှင့် အဆင့်မြင့်ပညာရေး
ပေးနိုင်သော နေရာတစ်ခုဆိုတာ
မြင်တာနှင့်သိနိုင်သည်။
ငေးရင်းမောရင်း နောက်ဆုံးတော့‌
ကျောင်းအုပ်ဆရာမရုံးခန်းဆိုသော
အခန်းကျယ်ကြီးရှေ့  Sayuri ရောက်သွားတော့သည်။

တံခါးခေါက်ရမည့်အရေးတောင်
တွန့်ဆုတ်နေသဖြင့် ကိုယ့်ကိုကိုယ်သာ အားပေးရင်း
တံခါးသံမြည်အောင် နှစ်ချက်ခန့် ခပ်ဖွဖွ
ခေါက်လိုက်မိသည်။ ထိုအခါ ဆွဲတံခါးဘေးတွင်
တပ်ထားသော Speaker အသေးလေးမှ
ကြည်လင်သည့် အမျိုးသမီးအသံတစ်ခု
ထွက်ပေါ်လာသည်။

[ဝင်ခဲ့ပါ]

Sayuri ဆွဲတံခါးကို ဖွင့်လိုက်တော့
တံခါးဝကို စိုက်ကြည့်နေသည့် ဗန်ဒါစေ့သဏ္ဌာန်
မျက်ဝန်းများနှင့် အကြည့်ချင်းဆုံသွားသည်။
ရုတ်တရပ်လန့်ပြီး ဘာပြောရမလဲ မသိတာကြောင့်

"မင်္ဂလာနံ..နံနက်ခင်းပါရှင့်.."

"Sayuri san ဟုတ်တယ်မလား..ဝင်ခဲ့ပါ...
ဒီမှာလာထိုင်ပေး"

သူ့စားပွဲရှေ့ရှိ ကုလားထိုင်ကို ညွှန်ပြလျက်
ပြောလာသည်မို့ Sayuri လည်း ဝင်ထိုင်လိုက်ရသည်။
ပြီးနောက်

"ကိုယ်တို့ကျောင်းရဲ့ စည်းကမ်းတွေ‌ကိုတော့
မင်းသိပြီးပြီထင်ပါတယ်..ဆိုတော့ အခု
မင်းက အလုပ်သင်အနေနဲ့ ကျောင်းက
ကလေးတွေရဲ့ ညနေခင်း ကိုယ်ပိုင်စာကြည့်ချိန်ကို
Guideအဖြစ် လုပ်ပေးရမယ်"

You've reached the end of published parts.

⏰ Last updated: May 25 ⏰

Add this story to your Library to get notified about new parts!

Love LessonsWhere stories live. Discover now