part {5}

1.9K 77 7
                                    

စားပွဲထောင့်မှာစီထားသည့် စာအုပ်အထပ်လိုက်ထဲက လိုအပ်တဲ့စာအုပ်ကိုရွေးထုတ်ပြီး စာကြည့်နေခဲ့သည်မှာ ညစာစားပြီးကတည်းကဖြစ်သည်။မှိုင်းဇတ်ကြောတွေပါတက်လာမှ အချိန်ကိုပြန်ကြည့်မိတော့ မနက်၁နာရီ။

အိပ်ချိန်အရမ်းနောက်ကျနေပြီ ဖြစ်တာ​ကြောင့် စာအုပ်တွေကို သေချာသိမ်းလိုက်ပြီး အိပ်ဖို့ပြင်ရတော့သည်။ခါတိုင်းဆို ည၁၂နာရီလောက်ကိုနောက်ဆုံးထားကာ စာကြည့်ပေမယ့် အခုတော့ ညစာစားပြီးသောက်ခဲ့သည့်ကော်ဖီကြောင့်အတော်လေးကိုအချိန်လင့်သွားကာမျက်လုံးကြောင်နေခဲ့တာဖြစ်သည်။

အဖြူ​ရောင်ကုတင်ကြီးပေါ်​ကျောခင်းကာအိပ်ဖို့မျက်လုံးတွေကိုမှိတ်ထားပေမယ့်လုံးဝအိပ်လို့မရ။ဟိုလှိမ့် ဒီလှိမ့် နှင့် အတွေးတွေက ညနေစာ စားတုန်းကအချိန်ကိုပြန်သတိရမိသွားသည်။မှိုင်းကအမြဲတမ်းလိုလိုဆံပင်တွေကိုနဖူးပေါ်ချထားတတ်တာကြောင့် ဟိုကောင့်ကြောင့်ရခဲ့တဲ့နဖူးပေါ်ကဒဏ်ရာကို တီလေးတို့ကသတိမထားမိ။ညနေကအကိုမင်းအံ့ရောက်တုန်းအတူစကားပြောစဥ်ကတောင်သတိမထားမိပေ။သို့ပေမယ့်ညနေစာစားဝိုင်းမှာတော့မှိုင်းသတိလက်လွတ်ဆံပင်သပ်လိုက်မိသည့်အချိန်ခဏလေးမှာပင် အစ်ကိုမင်းအံ့ကဒဏ်ရာကိုမြင်သွားခဲ့သည်။ကြီးကြီးမားမားဒဏ်ရာမဟုတ်တာကြောင့်အနာကပ်တောင်မကပ်ထားမိပေ။ဆေးထည့်ပြီးအနာကိုလွှတ်ထားလိုက်မိတာပင်။အစ်ကိုမင်းအံ့ကမှိုင်းရဲ့ဒဏ်ရာကိုတွေ့ပြီးစိုးရိမ်စွာမေးလာမှတီလေးနဲ့သက်လေးကပါသတိထားမိလာတာဖြစ်သည်။ကယ်လေးကတော့dinnerသွားတာကြောင့်မရှိ။တီလေးကပါ"ဘာဖြစ်တာလဲ"လို့မေးလာမှမှိုင်းလည်း"ကျောင်းမှာမတော်တဆထိခိုက်မိတာပါ"ဟုလိမ်ပြောခဲ့ရသည်။

တကယ်တော့ မတော်တဆမှမဟုတ်တာ။ရည်ရွယ်ချက်ရှိရှိထိခိုက်အောင်တမင်အနိုင်ကျင့်ခံလိုက်ရတာ။ရုတ်တရက်ခေါင်းထဲမှာအဲ့ဒီ့လူယုတ်မာကောင်အတင်းနမ်းသွားတဲ့ပုံရိပ်တွေကိုပြန်မြင်လာတာကြောင့်ဒေါသတို့ထွက်လာရတာကိုယ့်နှုတ်ခမ်းကိုနာနာဖိကိုက်ထားမိသည်။တကယ်ရှက်ဖို့ကောင်းခဲ့တာပဲ။ကိုယ့်ထက်၂နှစ်ငယ်တဲ့လူယုတ်မာကောင်ဆီမှာရမ်းကားခံခဲ့ရတာ။မိဘမျက်နှာနဲ့ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတဲ့ကောင်။အတွေးတွေကိုဖြတ်ကာအိပ်ဖို့ကြိုးစားမိသည်။​စိတ်မကြည်မှုကြောင့်မှိုင်းရဲ့မျက်ခုံးတွေကအနည်းငယ်တွန့်ချိုးနေခဲ့သည်။၁နာရီခွဲပြီး၁၅မိနစ်ရှိသွားခဲ့ပြီ။မှိုင်းလုံးဝအိပ်လို့မရ။ခနအကြာ ရေဆာလာတာကြောင့် အိပ်ယာမှထကာ ဘေးမှစားပွဲပေါ်မှာတင်ထားသည့် ရေကရားကိုကိုင်ကာ ခွက်ထဲရေထည့်ဖို့လုပ်တော့ ရေကမရှိ။

My Husband is bad boy   Where stories live. Discover now