Part{11}

1.2K 44 14
                                    

Thway S ဟုအမည်တွင်တဲ့ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုအကြောင်းကြားဖူးလား။

စီးပွားရေးလောကရဲ့ ပြိုင်စံရှားဖြစ်တဲ့အပြင်
စီးပွားရေးလောကရဲ့ ဘုရင်တစ်ပါးဖြစ်သူ ဦးသွေးအာဏာစက်ဟုဆိုလိုက်တာနဲ့ တော်ရုံလူမကပ်ရဲလောက်အောင် အာဏာစက်ပြင်းလွန်းလှသည်။စီးပွားရေးလောကမှ ဦးသွေးအာဏာစက်ကို ထိုးချချင်ရင် ရူးတောင်သွားဦးမည်။မည်သို့မျှမဖြစ်နိုင်ပေ။

Thway S ကုမ္ပဏီရဲ့ CEO အဖြစ်ရပ်တည်နေသူ ဦးသွေးအာဏာစက်ဟာ အလွန့်အလွန်ပင် ထက်မြက်လှပြီး အလွန့်အလွန်ပင် အောင်မြင်​​ကျော်ကြားသူတစ်ယောက်ဖြစ်သည်။ဦးသွေးအာဏာစက်ရဲ့အောင်မြင်မှုကို မနာလိုသူတွေများပြားလှပေမယ့် ဘယ်သူမှဦးသွေးအာဏာစက်ကို ကျော်မတက်ရဲကြ။ဦးသွေးအာဏာစက်ကပင် အမြင့်ဆုံးမှာရပ်တည်နေပြီး အာလုံးကို အောက်ဆုံးထိထိုးချခဲ့ချည်းသည်သာ။ထို့ကြောင့် ကုန်းကောက်စရာမရှိသည့် ဘဝမျိုးကိုမရောက်ချင်လျှင် ဦးသွေးအာဏာစက်ကို သွားမရှုပ်ခြင်းသည်သာ အကောင်းဆုံးဖြစ်မည်။
ဒါ့အပြင် ဦးသွေးအာဏာစက်နှင့် စီးပွားရေးလက်တွဲလုပ်ချင်သူများသည် အများအပြားပင်။

ဦးသွေးအာဏာစက်ဟာ စီးပွားရေးလောကရဲ့ဘုရင်တစ်ပါးဆိုလျှင်..
အမှာင်လောကမှာတော့ ရက်စက်ကြမ်းကြုတ်တဲ့
အစွယ်တွေနှင့်ကျားရဲတစ်ကောင်ပင် ဖြစ်လိမ့်မည်။

Thway S ကုမ္ပဏီကြီး၏ရုံးခန်းတစ်ခုတွင်ဖြစ်
လိမ့်မည်။ဆုံလည်ကုလားထိုင်ပေါ်ထိုင်နေတဲ့ အသက်၄၀ ဝန်းကျင်လောက်ရှိမည့်ယောင်္ကျားတစ်ယောက်ဟာ ဆွဲဆောင်မှုအပြည့်နှင့်။
ဆုံလည်ပေါ် ခေါင်းကိုနောက်မှီချထားတဲ့ ထိုယောင်္ကျားဟာ နက်မှောင်တဲ့မျက်ခုံးထူထူတွေကိုအလိုမကျလိုစုကျုံ့ထားသေးသည်။မျက်တောင်တိုစိပ်စိပ်တွေဝန်းရံထားတဲ့ မျက်ခွံတွေနဲ့ဖုံးအုပ်ထားတဲ့ မျက်လုံးတစ်စုံဟာ မျက်ခွံတွေဖွင့်လိုက်ရင် ဘယ်လောက်တောင်စူးရဲနေလိမ့်မလဲ။နှာတံမြင့်မြင့်နဲ့ အရာရာကိုအမိန့်ပေးနိုင်တဲ့ နှုတ်ခမ်းထူထူဟာ ပိရိသေသပ်ကာပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကို နှစ်ခါမစဥ်းစားပဲချနိုင်သည်။ထင်းနေတဲ့မေးရိုးတစ်လျှောက် ပါးပါးလေးထွက်နေတဲ့ မုတ်ဆိတ်တိုတိုတွေက ထိုလူရဲ့အသက်နဲ့ခန့်ညားမှုကိုဖော်ပြနေသယောင်။အထက်အောက်ဆန်တက်သွားတဲ့ လည်စေ့ထင်းထင်းဟာလည်း ရင်ဖိုလှိုက်စဖွယ်။
Shirtအနက်ရောင်ဟာ ထိုလူရဲ့ သာမာန်ထက်ပိုကျစ်လစ်တဲ့ ခန္ဓာကိုယ်ထက်မှာ body fit။Shirtအင်္ကျီကြယ်သီးကို အပေါ်ဆုံးသုံးလုံးလောက်ဖြုတ်ထားတာကြောင့် လျှံထွက်နေတဲ့ ရင်အုပ်ကြီးကြီးတွေဟာ အကြည့်မခွာချင်စရာ။ယောင်္ကျားဆန်မှုကိုဖော်ပြနေတဲ့ ရင်အုပ်ကျယ်က အမွေးအမျှင်တွေဟာလည်း ထိုလူ့ရဲ့ဆွဲဆောင်မှုတစ်မျိုးပင်။သွေးကြောတွေယှက်ဖြာနေတဲ့ ထိုလူ့ရဲ့လက်တွေဟာ ဆုံလည်ကုလားထိုင်ရဲ့လက်ရန်းပေါ်တင်ထားပြီး လက်ညှိုးနှင့် လက်ရန်းကိုတစ်တောက်တောက်ခေါက်နေပုံမှာ တစ်စုံတစ်ခုကိုတွေးတောနေသည်မှာ အသေအချာ။

My Husband is bad boy   Where stories live. Discover now