part{8}

1.2K 54 8
                                    

"မင်းကိုမုန်းတယ်!!!"

"ကျုပ်ကလဲချစ်တယ်လို့မပြောမိပါဘူး..ဟက်!
ငိုနေတာပဲ..မှိုင်းညို့စိုင်း ခင်ဗျားကပျော့လှချည်လား..မငိုနဲ့ဦး..ရှေ့ဆက်ကြုံရမှာတွေအတွက်အား  ခဲ  ထား.."

မှိုင်းကိုသူ့လက်အောက်ကလူလို၊သူပြုသမျှခံနေရမည့်သူလိုဆက်ဆံကာ အနိုင်ပိုင်းပြနေတဲ့ သွေးစက်အမိန့်ဟာ မှိုင်းအတွက်တော့ နတ်ဆိုး တစ်ကောင်လိုပင်။

မှိုင်းကို အနိုင်ပိုင်းလိုက်ရလို့ပျော်နေပုံရတဲ့သွေးစက်အမိန့်ဟာ သူ့မူပိုင်အပြုံးကိုပြုံးလို့ မှိုင်းကိုဘာတတ်နိုင်သေးလဲ ဆိုတဲ့အကြည့်မျိုးနဲ့စိုက်ကြည့်ကာ မျက်ခုံးတစ်ဖက်ကို အမြင်ကပ်ဖို့ကောင်းအောင်ပင့်ပြလာတာကြောင့် မှိုင်းကျနေတဲ့မျက်ရည်တွေကို လက်နဲ့ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်တာ သူ့မျက်လုံးတွေထံ တန်ပြန်စိုက်ကြည့်ပေးလိုက်သည်။

မှိုင်းရဲ့မျက်ဝန်းတွေမှာ သွေးစက်အမိန့်ကို မုန်းတီးရွံရှာမှုတွေ ထင်ဟပ်လျှက်။

"မင်းနှိပ်ဆက်သမျှ ခေါင်းငုံ့ခံနေမယ့်အထဲမှာငါမပါဘူး သွေးစက်အမိန့်!"

"Oh!ဒါဆို ခေါင်းမော့ခံမှာလား?ရပါတယ်..ကျုပ်ဆီမှာခံပေးရင်ပြီးတာပဲ.."

"မင်း!စကားပြောတာ မညစ်ပတ်နဲ့!"

မှိုင်းအော်လိုက်တာကိုဂရုမစိုက်။သွေးစက်အမိန့်ရဲ့ခြေလှမ်းတွေက မှိုင်းဆီကို တစ်လှမ်းချင်းတိုးကပ်လာတာကြောင့် မှိုင်းနောက်ကိုဆုတ်လိုက်မိသည်။သွေးစက်အမိန့်ခြေတစ်လှမ်းလှမ်းတိုင်း မှိုင်းခြေတစ်လှမ်းဆုတ်ရင်းနဲ့ နောက်ဆုံး မှိုင်းရဲ့ကျောပြင်ဟာ နံရံနဲ့ကပ်သွားရလေသည်။ထိုအခါမှ မှိုင်းသတိအမြန်ကပ်ကာ ဘေးကိုရှောင်ထွက်ဖို့အလုပ် မှိုင်းရဲ့လက်နှစ်ဖက်ကို သူ့ရဲ့လက်တွေနဲ့ချုပ်ကိုင်ကာ နံရံတစ်ဖက်တစ်ချက်တစ်ချက်ဆီမှာ ကပ်ပစ်လိုက်တာကြောင့် မှိုင်းလန့်သွားရသည်။ဒါ့အပြင်သူ့ရဲ့ ရီဝေဝေအကြည့်တွေက မှိုင်းရဲ့ နှုတ်ခမ်းတွေပေါ်  ကျရောက်လာတာကြောင့်..

"မင်း!ငါ့ကိုလွှတ်ပေး!"

လွှတ်ပေးဟုပြောမှ မှိုင်းရဲ့လက်တွေကိုပိုမို တင်းကြပ်အောင်ဖျစ်ညှစ်လာတာကြောင့် မှိုင်းရဲ့လက်ကောက်ဝတ်တွေဟာ ဆစ်ခနဲနာကျင်သွားရသည်။

My Husband is bad boy   Where stories live. Discover now