• 01

626 44 0
                                    










• Your HOME - SungJeng •


“ ဟိုင်း ... ကိုကို့ရဲ့ လူကြီးလေး ၊ ခိခိ ~ အစမှာတင် နည်းနည်း ကသိကအောက်နိုင်စရာကောင်းတယ်မလား ? ထားပါတော့ ၊ အရင်ဆုံး ပြောချင်တာက အလုပ်ရသွားတဲ့အတွက် အများကြီး အများကြီး ဂုဏ်ပြုပါတယ် မောင် ၊ သေချာပေါက် ဒီကရှေ့ ကောင်းမွန်ခြင်းတွေပဲ ကြုံရတော့မှာမလို့ မောင် လည်း အခုလိုမျိုးပဲ လိမ္မာရင်း ရှိသွားဖို့ မျှော်လင့်ပါတယ် ... ချစ်တယ် မောင် ~ ငါ့ရဲ့နိဗ္ဗာန်လေး ”

ဖုန်းကို ဘယ်လက်ဖဝါးဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ရင်း တာကျိုးလာသော မျက်ရည်တွေကြောင့် ဆောင်းဟွန်း နံရံကို မှီချကာ ဘေးကစားပွဲတွေကိုပါ တွန်းလှန်ပစ်လိုက်သည် ။ ကျကွဲသွားသည့် အလှပန်းအိုးကလေးသည် နဂို ပွရှုပ်နေပြီးသား အခန်းကို ပိုလို့ ရှုပ်သွားစေရုံသာ ။

" မောင် စောစောပြန်လာခဲ့သင့်တာပါ .. မောင့်အပြစ်တွေပါပဲ ၊ မောင် တောင်းပန်ပါတယ် ဂျုံဆောင်း ရယ် "

ပဲ့တင်ထပ်နေတဲ့ ငိုသံတွေသည် ဆောင်းဟွန်း ရင်တွင်းက အပူမီးကို လျော့စေပါ့မလား ။ ဂျုံဆောင်း ၏ ဒိုင်ယာရီစာအုပ်ကလေးကို ကိုင်ထားရင်း အဆက်မပြတ်သွားသော မျက်ရည်တွေတွင် နောင်တ တို့အပြင် ဒေါသတွေပါ ရောယှက်လို့နေသည် ။ ယခုအထိ မလဲရသေးသော suit ကတော့ ပုံပျက်စပြုလျှက် ။

" ကမ္ဘာကြီးက အလင်းဘက်ရောက်လာပြီတဲ့ ၊ မင်းက လူလိမ်ကလေးပဲ ဂျုံဆောင်း ရာ .. မောင့်ကမ္ဘာကြီး ဒီလောက် မှောင်မိုက်နေတာ မင်းမြင်ပါရက် မင်းက လူညာကလေးပဲ မောင့်အချစ်ရဲ့ "


ကြောက်ရွံ့တုန်လှုပ်မှုတွေကြောင့် ကုတင်အောက်ထဲမှာ သေးငယ်နိုင်သမျှ သေးငယ်ရင်း ပုန်းကွယ်နေခဲ့သော ၈ နှစ်အရွယ် ကောင်လေး တစ်ယောက်ရှိခဲ့ဖူးသည် ။ ပြန်လမ်း မရှိလောက်ဘူးလို့ ယုံကြည်ခဲ့သော မကောင်းမှုတွေကြားလည်း နစ်မွန်းခဲ့ဖူးသည် ။ အမေတစ်ယောက်၏မျက်ရည် ၊ ဇနီးတစ်ယောက်၏နာကျင်မှု ၊ ညီမတစ်ယောက်ရဲ့မုန်းတီးမှုတိုင်းကိုလည်း ပျက်ရယ်ပြုခဲ့ဖူးသည် ။

Your HOME || SungJengWhere stories live. Discover now