• 05

216 22 0
                                    










• Your HOME - SungJeng •



ဝေဝေဝါးဝါး နိုးထလာရင်း ဘေးဘက်နေရာကို လက်စမ်းမိတဲ့အခါ အေးတိအေးစက် အထိအတွေ့ကြောင့် ဂျုံဆောင်း လန့်ဖျတ်၍ ထထိုင်လိုက်မိတယ် ။ အခုထိ မလဲရသေးတဲ့ မနေ့က အဝတ်တွေနဲ့ ပွရှုပ်နေတဲ့ ဆံပင်တွေ နောက်ပြီး မျက်ရည်စီးကြောင်းတွေပြည့်နေတဲ့ သူ့မျက်နှာ ။

အရာအားလုံးက အိမ်မက်တစ်ခု ဖြစ်နေခဲ့သည်လား ။ စိတ်ပျက်အားလျော့စွာ တွေးမိရင်း ခါးသက်သက် ရီသံကို ဂျုံဆောင်း ပြုလိုက်မိတယ် ။ ဂျုံဆောင်း က ရောဂါ၏ အကျိုးဆက်ကြောင့် ဦးနှောက်ပါပျက်သွားပုံပဲ ။

သို့သော် ။

ပြတင်းပေါက်ဆီ အကြည့်ပို့မိတဲ့အခါ မြင်လိုက်ရသည့် မြင်ကွင်းသည် ဂျုံဆောင်း အတွက်ပိုပြီး အိမ်မက်ဆန်နေတယ် ။ အဖြူရောင်တွေပြည့်နေတဲ့ သူ့အိမ်ပြင်မြင်ကွင်းကြောင့် ဂျုံဆောင်း ချက်ချင်း အိပ်ရာထဲကထွက်ကာ ပြတင်းပေါက်ကို ဖွင့်ချပစ်လိုက်တယ် ။

ဖြေးဖြေးနဲ့ပုံမှန်ကျဆင်းနေတဲ့ အဖြူရောင်လေးတွေသည် သေချာပေါက် ဂျုံဆောင်း သဘောကျရတဲ့ နှင်းစက်တွေ ။

" နှင်းကျနေတာပဲ ! တကယ်ကြီး နှင်းကျနေတာ !! "

ကလေးတစ်ယောက်လို ခုန်ပေါက်ရင်း အိမ်ပြင်ကိုပြေးထွက်လာလိုက်တဲ့အခါ တစ်ခြံလုံးအပြည့် လှပစွာ ဖုံးထားတဲ့ နှင်းတွေ ။

ဂျုံဆောင်း လက်နှစ်ဖက်ကိုဆန့်တန်းလို့ မျက်နှာကိုမော့ကာ ကျဆင်းလာတဲ့ နှင်းပွင့်တွေကို ခံစားထိတွေ့နေမိသည် ။ သို့သော် မျက်လုံးတွေကို ဖွင့်လိုက်ရတဲ့အချိန်မှာတော့ ဂျုံဆောင်း ၏ အိမ်ခေါင်မိုးပေါ်မှ ဘန့်ကို တွေ့လိုက်ရတော့တယ် ။

နှင်းပွင့်တွေကို အဆက်မပြတ် ထုတ်ပေးနေတဲ့ စက်တွေကြား ကင်မရာတစ်ခု ကိုင်ကာ ရပ်နေတဲ့ ဘန် က ဂျုံဆောင်း ကိုလည်း ပြုံး၍ ကြည့်နေသေးသည် ။ ဂျုံဆောင်း မျက်လုံးလေးတွေ ပြူးကျယ်သွားရသည် ။

" ဒီနှစ်အတွက် ပထမဆုံးနှင်းက နွေရာသီမှာပဲ ကျမယ်လို့ ပြောနေကြတာ တကယ်ပဲ "

Your HOME || SungJengWhere stories live. Discover now