• 06

379 34 0
                                    









• Your HOME - SungJeng •

// တစ်နှစ်ကြာပြီးနောက် မေလ ဒုတိယအပတ် ။ //

အတူရှိနေရင် ပျော်စရာကောင်းသလောက် တစ်ဦးတည်းကျန်နေခဲ့တဲ့အခါ အထီးကျန်ဆန်လွန်းသော တိုက်ခန်းကြောင့် ဂျုံဆောင်း ဟာ တောင်လုပ်မြောက်လုပ် ဖြင့် အချိန်တွေ ဖြတ်သန်းနေမိသည် ။

" မောင်အဆင်ပြေရဲ့လား မသိ "


မေလ ၁၉ ရက် ။ တစ်နည်းပြောရရင် ဘန် ဆိုသော အမည်နာမကို တရားဝင်ခွာချကာ ပတ်ဆောင်းဟွန်း အဖြစ် ဘဝကို ပြန်ပြုပြင်သည့် ပထမဆုံးရက်လို့ပဲ ပြောလိုက်ရမလား ။ ဂျုံဆောင်း ကတော့ ဆောင်းဟွန်း အတွက် သိပ်ကို ဂုဏ်ယူရသည် ။

မနက်က အလုပ်သွားခါနီး အနည်းငယ်ပူပန်နေတဲ့ ဆောင်းဟွန်း ကို ကားမှန်မှာ smile ပုံလေးဆွဲပေးပြီး ထိုပုံလေးနဲ့အတူ တွဲ၍ ဓာတ်ပုံရိုက်လာတာလေးကို To Save A Life ၏ နောက်ဆုံးလွတ်နေသော နေရာလေးမှာ ကပ်ကာ ဂျုံဆောင်း စိတ်ချလက်ချ ပြုံးလိုက်သည် ။

တစ်နှစ်ကျော်ကြာပြီးသည့်နောက်တွင် ဂျုံဆောင်း ၏ ရောဂါအခြေအနေကို ထိန်းချုပ်ထားနိုင်ခဲ့သလို ဆောင်းဟွန်း သည်လည်း ဘန်ဂျမင် ဘဝကို အပြီးတိုင် စွန့်ခွာနိုင်ခဲ့ပြီးဖြစ်သည် ။

သူတို့နှစ်ဦး အခုဆို ဆိုးလ်မြို့ရဲ့ အတော်အတန်သင့်ရပ်ကွက်ကလေးထဲမှာ တိုက်ခန်းတစ်ခန်းငှားနေကြသည် ။ ဂျုံဆောင်းဖေဖေ ကတော့ သားဖြစ်သူပျော်နေဖို့က အဓိကမလို့ ဘာမဆို ခွင့်ပြုပေးထားတာ ကြည်ကြည်ဖြူဖြူ ။ ဆိုတော့ကာ သူတို့နှစ်ဦးအတွက် အခက်အခဲဆိုတာ များများစားစား မရှိခဲ့ ။


" မောင့်အတွက် ဂုဏ်ပြုကိတ်ကလေး လုပ်ပေးရမလား ၊ vanilla အရသာလေးဖြစ်ဖြစ် "

အပြောထပ်မြန်သော စိတ်ဖြင့် ဂျုံဆောင်း က ရေခဲသေတ္တာထဲမှာ အသင့်ရှိတဲ့ လိုအပ်သောပစ္စည်းတွေကို စတင်ထုတ်ယူကာ ဆောင်းဟွန်း အတွက် ကိတ်ကိုစိတ်နှစ်လိုက်တော့သည် ။ တစ်ဦးတည်းရှိတဲ့ တိုက်ခန်းမလို့ မတိတ်ဆိတ်နေအောင် သီချင်းသံ တိုးတိုးကိုလည်း ဖွင့်ထားသေးသည် ဖြစ်တာကြောင့် ဂျုံဆောင်း ဟာ တိုက်ခန်းတွင်းသို့ တိတ်တဆိတ် ဝင်ရောက်လာခဲ့တဲ့ ခြေသံတွေကို မကြားလိုက်ရပါချေ ။

Your HOME || SungJengWhere stories live. Discover now