• 02

241 31 0
                                    










• Your HOME - SungJeng •



တာဝန်တစ်ခုအသစ်ထပ်တိုးလာခြင်းနဲ့အတူ ဂျုံဆောင်း ရဲ့ အသစ်သောနေ့ရက်တစ်ခု စတင်ခြင်းက ကြည်ကြည်လင်လင် ။ ပြတင်းပေါက်မှန်သမျှ လိုက်ဖွင့်ရင်း အပြာနုရောင်လေးတွေအပြည့် ခြယ်ထားတဲ့ သူ၏ ကိုယ်ပိုင် တိုက်ခန်းငယ်လေးကို အလင်းဖြန့်ကျက်စေလိုက်သည် ။ ဝရံတာဘောင်ပေါ်က ပန်းပင်ကလေးတွေကို ဂျုံဆောင်း ကတော့ မျှော်လင့်ချက်လေးတွေ လို့နာမည်ပေးထားသည် ။

သီချင်းတညီးညီးဖြင့် ကိုယ်တိုင် မနက်စာပြင်နေရင်း ထပ်ပြီး အတွေးအာရုံထဲဝင်လာတာသည် ယမန်နေ့ညက တွေ့ခဲ့ရသော အမျိုးသား ။ ချက်ချင်း ကော့ညွတ်သွားတဲ့ နှုတ်ခမ်းတွေကို ဖိကိုက်ရင်း ဂျုံဆောင်း သတိပြန်ကပ်လိုက်ရသည် ။ ဒီလိုကြီး ချက်ချင်းပျော်ဝင်ပစ်လိုက်ရင် ဘယ်လိုလုပ်ရပါ့နော် ။

စားသောက် ပြင်ဆင်ပြီးနောက်တွင်တော့ ဒီနေ့အတွက် ဦးတည်ရာဖြစ်တဲ့ မြို့ပြင်က ဘိုးဘွားရိပ်သာဆီ ဦးတည်ခဲ့လိုက်သည် ။ စကူတာအဖြူလေး သည် တယုတယ စီးနင်းနေပါသော ပိုင်ရှင်လေးကြောင့် ပိုလို့ပင် လှပအသက်ဝင်နေသယောင် ။ နွေဦးပိုင်းမလို့ ဖြတ်တိုက်သွားတဲ့လေကအစ တနွေးတထွေး ။

" အို့ ! ဘာဖြစ်ရပြန်ပြီလဲ ပတ်စကူတာရယ် ... "

လမ်းခုလတ်မှာတင် ထိုးရပ်သွားတဲ့ ဆိုင်ကယ်ကြောင့် ဂျုံဆောင်း ငြီးငြူလိုက်မိသည် ။ စီးသာစီးတတ်တာ မပြင်တတ်တဲ့ သူနဲ့မှ ဒီလို တောင်တက်တောင်ဆင်းလမ်းမှာ ဒဲ့ကြီးလာပျက်ရသလို့ပဲ ။ ဟိုကြည့်ဒီကြည့် လုပ်လိုက်သော်လည်း ဘာမှမတတ်နိုင်တဲ့ ဂျုံဆောင်း က ခေါင်းကိုသာ နာနာကုတ်ရင်း ဆိုင်ကယ်ဘေး ထိုင်ချလိုက်မိသည် ။

ဘေးဘီကြည့်နေတုန်း တောင်ကြားလမ်းဘက်မှ ပြေးလာနေသူ တစ်ဦးအား တွေ့လိုက်ရသည်မလို့ အားရဝမ်းသာ အကူညီတောင်းဖို့ လုပ်သော်လည်း ပြေးလာသူဟာ မနေ့ညက ဂျုံဆောင်း တွေ့ခဲ့သူတွေထဲက တစ်ယောက်ဖြစ်လို့နေသည် ။ အတိအကျပြောရရင် ဆေးထိုးခံလိုက်ရသည့် တစ်ယောက် ။

ခြေတစ်ဖက်ကို တရွတ်တိုက်ဆွဲနေရပြီး ကျန်တစ်ဖက်ကိုသာ အားပြုရင်း ပြေးနေပုံက ကြည့်ရသူအဖို့ပင် မချိမဆံ့ ။ ထပ်ပြီး မြင်ကွင်းထဲရောက်လာတာသည် ဘန် ဟု သူတို့ခေါ်ခဲ့သော လူ ။

Your HOME || SungJengWhere stories live. Discover now