တံတိုင်းတို့သားအဖအိမ်ပြန်ရောက်ချိန်တော့ညနေစောင်းနေပြီ
အဖေဖြစ်သူမှာပြန်ရောက်ထဲကအခန်းထဲကမထွက်တော့ပေ အမေဆုံးပါးသွားမှမြန်မာနိုင်ငံကိုပြန်လာတဲ့အဖေ၏ရည်ရွယ်ချက်ကိုတံတိုင်းသဘောပေါက်သွားသည်
" အင်းငါရောဘဲပေါက်စလေးနဲ့ကြရင်ဆိုင်နိုင်ပါ့မလား "
တံတိုင်းထိုအတွေးများကိုရပ်စဲကာ ဖုန်းကိုယူလိုက်သည်
" ပေါက်စလေးဗျ ကိုယ်ပြန်ရောက်ပြီနော် "
တံတိုင်းပို့ပြီးသည်နှင့်တစ်ဖက်ကချက်ချင်းစာပြန်ပို့လာသည်
" အွန်း ကိုကိုပြန်ရောက်ပြီလား တစ်နေကုန်ဆိုတော့ပင်ပန်းနေမှာဘဲရေချိုးပြီးအနားယူနော် "
တံတိုင်းမှာပြုံးရပြန်သည်ပေါက်စလေးနဲ့တွဲတာ1လကျော်နေပြီဖြစ်ပေမယ့် ပေါက်စမှာတွေ့ထဲကအတိုင်းပြောင်းလဲမှုမရှိပေ
" အွန်း ဟုတ်ပါပြီ ကိုယ့်ကလေးလေးရဲ့ ဒါဆိုကိုယ်ရေသွားချိုးဦးမယ်နော် နောက်ပြီးကိုယ်မင်းနဲ့စကားတွေအများကြီးပြောကြမယ် " ဆိုပြီစာပြန်ကာရေသွားချိုးလိုက်သည်
" အွန်း ကိုကို ကျွန်တော်စောင့်နေမယ့်ဗျ "
ပျိုးလည်းသူ့ရဲ့ကိုကို့ကိုစောင့်နေရင်းလုပ်စရာရှိတာများကိုလုပ်ထားလိုက်သည်
ထိုအခါ မေမေနဲ့ဖေဖေရဲ့တစ်ခါမှမကြားဖူးသောရန်ဖြစ်သံများကြားလိုက်ရသည်
ပျိုးသူ့နားတွေကိုပါမယုံနိုင်လောက်တဲ့ထိဖြစ်သွားသည်
" ဖေဖေ မေမေ ရန်မဖြစ်တော့လေဗျာ သားကိုကြည့်ပါဦးဗျ "
" သားမင်းဝင်မပြောနဲ့ မင်းအမေလုပ်ရက်ကိုအဖေစောက်ရမ်း မုန်းသွားပြီကွာ တောက်ခ် "
" ဒီမှာရှင် ကျွန်မကိုစွပ်စွပ်စွဲစွဲလာမပြောနဲ့ ရှင်သက်သေလည်းမရှိဘဲနဲ့ ကြားထိုးစကားတစ်ခုကြောင့်ရှင် ကျွန်မကိုဒီလိုမပြောဆိုသင့်ဘူး "
" ဘာကွ မင်းလုပ်ထားလို့ငါ့တပည့် ငါ့ကိုလှမ်းပြောတာ နောက်ပြီး မင်းခုတစ်လောမူမမှန်လို့ အပြင်ခဏခဏထွက်နေလို့ငါ့ တပည့်ကိုမင်းနောက်လိုက်ခိုင်းထားတာ ဒါကိုမင်းက ဗြောင်လိမ်ချင်နေသေးတာလားကွ ဟမ် "
![](https://img.wattpad.com/cover/369101989-288-k848844.jpg)
YOU ARE READING
မုန်းခြင်းတို့ပြိုစေချစ်ခြင်းတို့မြဲစေ(ongoing)
Teen Fictionကျွန်တော်ခုမှစရေးတဲ့သူမို့အမှားများစွာရှိနိုင်ပါတယ်ဗျ ကျွန်တော်ရေးတာတစ်ချို့သူတွေအတွက်အဆင်မပြေဖြစ်သွားခဲ့ရင်ကြိုတင်တောင်းပန်ပါတယ်ဗျ မင်းတံတိုင်း+ပျိုးသွင်နှင်း ဘာသာမတူတဲ့ကောင်လေးနှစ်ယောက်ရဲချစ်ခြင်းကိုဖတ်ရှုပေးကြပါဦးဗျ