ဒေါ်သက် စကားကိုကြားကြားချင်း နှလုံးသားတည့်တည့်အပ်နဲ့ ထိုးစိုက်လိုက်သလိုခံစားလိုက်သည်
" တော်ပါတော့ ရှင်ရယ်တော်ပါတော့ ကျွန်မတောင်းပန်ပါတယ် "
ဒေါ်သက်ငိုယိုပြီးခဏခဏတောင်းပန်နေမိသည် ဦးလွန်းမှာတော့တစ်ချက်တောင်လှည့်မကြည့်
ပျိုးရေထွက်သောက်တုန်းဖေဖေ့ရဲ့အော်သံကြောင့်လန့်သွားသည် ထို့နောက် မိန်းမယုတ်ဆိုတဲ့စကားကြောင့်လူကမှင်သက်သွားသည်
" ဖေဖေတို့မေမေတို့ဘာတွေဖြစ်နေတာလည်းခုတစ်လောဘာတွေဖြစ်ကုန်တာလည်း အားးစိတ်ညစ်လာပြီ "
ပျိုးတစ်ယောက်ထဲစကားပြောရင်းကိုယ့်အခန်းထဲပြန်ဝင်သွားတယ်
ပျိုးမွန်းကြပ်တဲ့စိတ်များကိုတစ်ယောက်သူအပေါ်ရင်ဖွင့်ဖို့ဆုံးဖြတ်ထားသည်
" ကိုကိုရေ "
" ဗျာပေါက်စလေး ပြောလေ ကိုယ်ရှိတယ် "
" ထူးထူးဆန်းဆန်းစာတန်းပြန်ပါလား "
" မဟုတ်ရပါဘူးကွာ ကိုယ်မင်းကိုခုလေးတင်စကားလာပြောတော့မို့ "
" ဟိုလေ စိတ်ညစ်တယ် ဗျာ "
" ဟော ကို့ကလေးငယ်ကဘာဖြစ်ပြန်တာတုန်း "
" ဖေဖေနဲ့မေမေလေခုတစ်လောဘာဖြစ်နေမြန်းမသိဘူး ခုဏဖေဖေကလည်းမေမေ့ကို မိန်းမယုတ်ဆိုပြီးပြောတာကြား လိုက်တယ် "
" အော်ကလေးလေးငယ်လူကြီးတွေကိစ္စဘဲဝမ်းနည်းနဲ့ကိုကိုရှိတယ် "
" အွန်း "
" အွန်းမငိုနဲ့တော့နော် ကလေးလေးဘေးနားမှာကိုကိုအမြဲရှိပေးမယ် ဘယ်သူမှမရှိရင်တောင် ကိုယ်ရှိပေးမယ်ကွာ နော် ခုတော့မငိုရဘူး "
" ဟုတ်ကဲ့ပါကိုကိုရဲ့ ဒါနဲ့မနက်ဖြန်တွေ့ဖို့သူငယ်ချင်းကကူပေးမယ်တဲ့ ဒါမဲ့သူ့ကိုပါခေါ်လာရမယ်တဲ့ "
" အွန်းပေါက်စလေးအဲ့လိုဆိုခေါ်လာလေ ကိုယ်တော့အပြင်မှာတွေ့ရင်နမ်းမှာဗျ "
" ဖေဖေတို့မေမေတို့မလွတ်ရင်ကော "
" ကလေးလေးသူငယ်ချင်းကူပေးမှာပေါ့ "
YOU ARE READING
မုန်းခြင်းတို့ပြိုစေချစ်ခြင်းတို့မြဲစေ(ongoing)
Genç Kurguကျွန်တော်ခုမှစရေးတဲ့သူမို့အမှားများစွာရှိနိုင်ပါတယ်ဗျ ကျွန်တော်ရေးတာတစ်ချို့သူတွေအတွက်အဆင်မပြေဖြစ်သွားခဲ့ရင်ကြိုတင်တောင်းပန်ပါတယ်ဗျ မင်းတံတိုင်း+ပျိုးသွင်နှင်း ဘာသာမတူတဲ့ကောင်လေးနှစ်ယောက်ရဲချစ်ခြင်းကိုဖတ်ရှုပေးကြပါဦးဗျ