Part (1)

46 11 15
                                    

" အငယ်ကောင် ဟဲ့ကောင်လေး ထစမ်း ဘယ်ချိန်ရှိပြီတုန်း  နင်ခုထိသေနေတုန်းထ ထနောက်ပြီးငါ့ကိုအလုပ်ကူ "

ပျိုးမှာညကအိမ်စာလုပ်တာနောက်ကျသွားသဖြင့် မနက်မနိုးခြင်းဖြစ်သည်

" ဟုတ်ကဲ့ပါအမေရ သားထပြီ မျက်နှာသစ်ပြီးရင်သားလာကူမယ်နော် မေမေ "

" အေအေ အဲ့ဆိုလည်းပြီးတာဘဲ မြန်မြန်လုပ် နင့်အဖေရဲ့ဧည့်သည်တွေလာမှာ အစ္စလာမ်လူမျိူးတွေတဲ့ သူ့သားလည်းပါလာမှာ စားဖို့သောက်ဖို့ချက်ပြုတ်ပေးရမှာ "

" အွန်း မေမေ သားသိပါပြီ ခုမျက်နှာသွားသစ်လိုက်ဦးမယ်နော် "

ပြောပြီးတာနဲ့တကွပျိုးရေချိုးခန်းထဲဝင်သွားကာကိုယ်လက်သန့်စင်ဆေးကြောလိုက်သည် ထို့နောက်ဖုန်းအားယူကာ

" ကိုကိုရေ ပေါက်စနိုးပြီဗျ "

ဆိုတဲ့စာလေးတစ်ကြောင့်ပို့လိုက်သည်
မနက်နိုးသည်နှင့်ထိုစာအားပို့ရသည်မှာသူ့အတွက်နေသားကျခြင်းပင်
ပြောပြီးတာနဲ့ဖုန်းချကာမေမေရှိသို့ထွက်သွားသည်

" မေမေသားဘာကူပေးရမလည်း "

" အော်အေးလာ မေမေ့ကို ဟင်းသီးဟင်းရွက်တွေကူချွေပေး နောက်ပြီးဟိုအသားငါးတွေဆေးထား သူတို့အစ္စလာမ်တွေဆို ဝက်သားမစားဘူး အဲ့ဝက်သားနင့်အဖေတစ်ယောက်ဘဲစားတာ ဆေးပြီးရေခဲသေတ္တာထဲထည့်ထားလိုက် နောက်နေ့မှ အမေကြော်ပေးထားလိုက်မယ် "

" အွန်း အမေသားခုလုပ်လိုက်ပါမယ် "

ပြောပြီးတာနဲ့တကွပျိုးမှာခိုင်းဆောင်းသောအရာများကို တောက်လျောက်လုပ်ဆောင်​ပေးလိုက်သည်

" မေမေ သားခိုင်းတာအကုန်ပြီးပြီ ဘာတွေထပ်လုပ်ပေးရဦးမလည်းမေမေ "

" သားလေးရပြီ သွားကျောင်းသွားဖို့သွားပြင်တော့ 8နာရီထိုးတော့မယ် 8ခွဲဆိုကျောင်းကားလာမှာမလား "

" အွန်း မေမေ အဲ့ဆိုသားသွားပြီး ပြင်ဆင်လိုက်ဦးမယ်နော် "

" အွန်း သားလေး "

ဒေါ်သက်မှာစိတ်ချမ်းသာရသည်တစ်ဦးတည်းသောသားလေးဖြစ်သော်လည်းမဆိုးသွမ်းဘဲအားကိုးရသည် မနက်နိုးသည့်အချိန်ကလွဲလို့ပေါ့

မုန်းခြင်းတို့ပြိုစေချစ်ခြင်းတို့မြဲစေ(ongoing)Where stories live. Discover now