"ဖြူစင်အိပ်မက်"

54 1 0
                                    

"ဖြူစင်အိပ်မက်"

ဒီနှစ်ဟာ ချစ်နွေးငယ်အတွက်
ပျော်စရာနဲ့စိတ်ညစ်စရာ ဆန့်ကျင်ဘက်ခံစားချက်နှစ်ခု ရောသမမွှေထားတဲ့နှစ်တစ်နှစ်ပဲ။ ပျော်စရာဆိုတာက ငါးတန်းကတည်းက အဆက်မပြတ်ပူဆာလာခဲ့တဲ့ "ဝရန်တာပါတဲ့ နှစ်ထပ်အိမ်နဲ့နေချင်တယ်"ဆိုတဲ့ ချစ်နွေးဆန္ဒကလေးကို အဖေက ဖြည့်ဆည်းပေးလိုက်ပြီမို့ အသည်းအူပေါက်မတတ်ပျော်ရတာ။

စိတ်ညစ်စရာဆိုတာကတော့ အင်း...ဘယ်လိုပြောရမလဲ ဆယ်ကျော်သက်ကလေးမလေးတစ်ယောက်အတွက် စိတ်ညစ်စရာဆိုတာ ဘယ်လောက်များ များများစားစားရှိမှာတဲ့လဲ။ လိုချင်တဲ့ ကျောပိုးအိတ်လေးဝယ်မပေးလို့ စိတ်ညစ်ရတာလား၊ စားချင်တဲ့မုန့်အချိုတွေ စိတ်ကြိုက်မစားရလို့ စိတ်ညစ်ရတာလား။ ဒီလိုအသေးအဖွဲလေးတွေကို ဆယ့်နှစ်နှစ်အရွယ်ချစ်နွေးက စိတ်မညစ်တတ်တော့ပေမယ့် ထဘီနောက်မှာ အကွက်ကြီးလို့ လက်ညှိုးထိုးအဟားခံရမှာမျိုး၊ "မနီမနီထထ ထထနီမနီမ"လို့ ယောက်ျားလေးတွေဆီက ဝိုင်းအော်ခံရမှာမျိုးတွေကိုတော့ တအားစိတ်ညစ်တယ်။

ချစ်နွေးသူငယ်ချင်းတစ်ယောက်ဆို
ငါးတန်းကတည်းက သူ့ထဘီနောက်က ဘာမှန်းမသိတဲ့အကွက်တွေကြောင့် ခဏခဏအစခံရတယ်။ စစချင်းတုန်းကတော့ ချစ်နွေးလည်း အဲဒီအကွက်တွေကို ရေကွက်တွေလို့ထင်ပြီး သူငယ်ချင်းကို ဝိုင်းစတာပဲ။
ဒါပေမဲ့ နောက်ကျတော့ ဆရာမတစ်ယောက်က  "ထဘီစကတ်ဝတ်တုန်းပဲလား မိခင်ခင်ချို...
ကိုယ့်ဟာကိုယ်မထိန်းသိမ်းတတ်ရင်လည်း ထဘီဝတ်​တတ်အောင်တော့လုပ်လေ"လို့ ခေါ်ဆူတော့မှ ချစ်နွေးသူငယ်ချင်း ခင်ခင်ချိုရဲ့ထဘီနောက်က အကွက်တွေက ဘယ်သူမှမြင်လို့မရတဲ့အရာမှန်းသိခဲ့ရတယ်။  

စကတ်ကနေ ထဘီစကတ်ပြောင်းဝတ်လာရတဲ့
ငါးတန်းအရွယ်လေးမှာ ခင်ခင်ချိုကတော့
ထဘီမဝတ်ဘဲ ထဘီစကတ်ဝတ်လို့ အဆူခံနေရတယ်တဲ့လေ။ ဘာအမှားလုပ်မိလို့အဆူခံရလဲတော့ ချစ်နွေးလည်း သေချာမသိခဲ့ပေမယ့် အဲဒီနေ့တုန်းက ချစ်နွေးကို ခင်ခင်ချိုပြောခဲ့တဲ့စကားအရဆို သူ တော်တော်လေး
စိတ်ညစ်​နေခဲ့တာကိုတော့ မှတ်မိနေတယ်။

Han_Me Oneshot CollectionWhere stories live. Discover now