“ဟဲလို”
“ဇမ္ဗူလား....ငါလေ မင်းမင်း...မင်းမင်းထွန်းလေ”
“ဟင်...မင်းမင်းထွန်း...မင်း ငါ့ဖုန်းနံပါတ်ဘယ်လိုရတာလဲ”
“ဟေ့ကောင် ငယ်သူငယ်ချင်းကဖုန်းဆက်တာကို သတိရတယ်ဘာညာအရင်ပြောမယ်မရှိဘူး။ မေးပုံကိုက သူစိမ်းဆန်လိုက်တာ...ဘာလဲ မင်းဆီဖုန်းဆက်တာမကြိုက်လို့လား”
“မဟုတ်ပါဘူး...မတွေ့တဲ့နှစ်တွေကြာပြီဆိုတော့ မင်းငါ့ဖုန်းနံပါတ်သိနေတာကို အံ့ဩလို့ပါ”
“ငါတို့က မင်းအကြောင်းတွေ အမြဲနားစွင့်နေကြတာပါနော်။ မင်းကသာ အကုန်လုံးကို အဆက်အသွယ်ဖြတ်ထားတာလေ အတော်နေနိုင်တဲ့ကောင်”
“မဟုတ်ပါဘူးကွာ...”
“မဟုတ်ရင်လည်း ဒီတစ်ပတ်Sundayလုပ်မယ့် ဆရာကန်တော့ပွဲကိုလာခဲ့ကွာ”
“ဒီတစ်ပတ်လား....ဒီတစ်ပတ်တော့ ငါ...”
“ဟိတ်ကောင်...တန်းမငြင်းလိုက်နဲ့နော်။ ကျောင်းသားဟောင်းတွေ့ဆုံပွဲတော့ မလာနိုင်တာထားကွာ... အခုက ဆရာကန်တော့ပွဲနော်...နှစ်အများကြီးကြာမှကြုံရတဲ့ ဆရာကန်တော့ပွဲကွ။ ငါတို့အထက်တန်းကျောင်းက ဆရာမတွေနဲ့လည်း မတွေ့ဖြစ်တာကြာပြီလေ။ ဆရာမတွေကလည်း သူတို့တပည့်ဟောင်းတွေမျက်နှာကို စုံစုံလင်လင်မြင်ချင်ကြမှာပေါ့။ ဒါပဲ...ဟေ့ကောင် မင်းမအားလည်း အားအောင်လုပ်ပြီးလာခဲ့ရမယ် ဒီမှာရှိတုန်းရှိခိုက်လေးကို...”
“ခဏ...ခဏနေပါဦး မင်းမင်းထွန်းရဲ့...ငါ့မှာလည်းအလုပ်တွေရှိသေး...”
“ငါတို့လည်း အားနေတဲ့ကောင်တွေမဟုတ်ပါဘူးနော်”
“ဒါပေမဲ့ ငါကတကယ်မအား....”
“ဘာလဲ...မင်း အောင်မြတ်မိုးနဲ့တွေ့ရမှာကြောက်လို့ အသည်းအသန်ဆင်ခြေပေးနေတာလား...ဟင်...ဟေ့ကောင် ဖြေဦးလေ ဘာလို့တိတ်သွားတာလဲ”
“မဟုတ်ပါဘူး...ငါ...ငါလာနိုင်အောင်ကြိုးစားကြည့်ပါ့မယ်”
“အဲ့လိုလုပ်စမ်းပါ”
ဖုန်းကျသွားတော့မှ သက်ပြင်းဝဝရှိုက်ရတော့သည်။ ငါးမိနစ်တောင်မကြာလိုက်တဲ့ ဖုန်းတစ်ကောလ်က သူ့ခန္ဓာကိုယ်ထဲက ခွန်အားတွေအားလုံးကို စုပ်ယူဝါးမြိုသွားခဲ့သလိုပဲ။ ဒီဖုန်းက မင်းမင်းထွန်းရဲ့ဖုန်းမှန်းသာ သိခဲ့ရင် သူအစကတည်းက မကိုင်ခဲ့ပါဘူး။ ဒါမှမဟုတ် မင်းမင်းထွန်းရဲ့နာမည်ကိုကြားကတည်းက သူဒီဖုန်းကို ချက်ချင်းချပစ်ခဲ့ရမှာ...အခုတော့....။
YOU ARE READING
Han_Me Oneshot Collection