1-2

37 3 0
                                    

(Unicode) လွန်ခဲ့သည့် ခြောက်လခန့်က ထိုမျှော်စင်သည် စူကျိုးမြို့၏အလယ်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။ ထန်မော့သည် အလုပ်လုပ်ရန်အတွက် စာကြည့်တိုက်သို့ သွားခဲ့သည်။ သူသည် မနက်ခင်းသတင်းများကို မကြည့်ဘဲ အလောတကြီး ထွက်ခွာလာခဲ့သည်။ သို့သော် သူ လမ်းပေါ် ရောက်သွားသည်နှင့် စူကျိုးမြို့တစ်ခုလုံးက အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဘက်စ်ကားများကို မတွေ့ရသလို တက်စီများကလည်း မရပ်ကြဘူး။

ကားအားလုံးသည် မြို့လယ်ခေါင်သို့ ရုတ်ရုတ်သဲသဲဖြစ်စွာ မောင်းနှင်လာကြသည်။ ထန်မော့သည် ယခုလေးတင်မှ နိုးထလာခဲ့ခြင်းဖြစ်ပြီး ဘာတွေဖြစ်ပျက်နေသည်ဆိုတာကို နားမလည်နိုင်ခဲ့ဘူး။ ထို့နောက် သူ မော့ကြည့်လိုက်ရာတွင် ကြီးမားသော အနက်ရောင်မျှော်စင်ကြီးကို မြင်လိုက်ရသည်။

သူ၏အိပ်ငိုက်ခြင်းများအားလုံးသည် တမဟုတ်မချင်း ပျောက်ကွယ်သွား ခဲ့သည်။

ထန်မော့သည် ယခုချိန်က ၂၀၁၂ ခုနှစ် ဟု တွေးမိခဲ့ပြီး ဒါသည် ကမ္ဘာကြီး၏အဆုံးသတ်ဟု ထင်ခဲ့မိသည်။

ဒီလောက်ထိ ကြီးမားတဲ့အရာကြီးက ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ?

မနေ့ညက သူ အလုပ်ဆင်းတဲ့အချိန်မှာ မတွေ့ခဲ့မိဘူး။ ဒီနေရာမှာ အဲဒါက ရုတ်တရက်ကြီး ဘယ်လိုလုပ်ပေါ်လာတာလဲ?

ပထမတော့ ထန်မော့သည် ဒါကြီးကို အစိုးရက တည်ဆောက်ထားသည့် အရာလို့ ထင်ခဲ့မိသည်။ အင်တာနက်ပေါ်ရှိလူများသည် တိုင်းပြည်၏ ဆောက်လုပ်ရေးနည်းပညာများက အလွန်ကောင်းမွန်ကြောင်း မကြာခဏ ကြွားဝါလေ့ရှိကြသည်။ မိုးပျံလမ်းများကို ညတွင်းချင်း ဆောက်လုပ်နိုင် သောကြောင့် နိုင်ငံခြားသားများကို မနာလိုဖြစ်စေနိုင်သည်။ နောက်ဆုံးတော့ တက်စီတစ်စီးအား သူ ငှားနိုင်သွားပြီး မြို့လယ်ခေါင်သို့သွားခဲ့ကာ လူအုပ်ကြီးနှင့်အတူ လိုက်မကြည့်မိခင်အချိန်ထိ သူ သတိမထားမိခဲ့ဘူး။ မျှော်စင်သည် လေထုထဲတွင် လုံးဝကို တွဲလောင်းဖြစ်နေခြင်းပင်!

လုံးဝကို တွဲလောင်းကြီးပင်... အနည်းဆုံး မြေပြင်မှ မီတာ ၁၀၀ အကွာအဝေးတွင်ရှိသည်။

ကမ္ဘာကြီး အွန်လိုင်းပေါ် တက်လာပြီWhere stories live. Discover now