4

27 2 0
                                    

(Unicode) ထန်မော့ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ကောင်းကင်တမန်နှင့် နတ်ဆိုးဟုခေါ်သည့် လက္ခဏာတစ်ခုလေးတောင် မရှိသည့်အပြင် တိတ်ဆိတ်နေသည့် စာကြည့်တိုက်ထဲတွင် အခြားသူတစ်ဦးတစ်ယောက်မှ မရှိပေ။

"မစ္စတာချန်း... ကွန်ပျူတာပိတ်ဖို့ ကျွန်တော့်ကို ကူညီပေးလို့ရမလား? စာအုပ်စင်ကနေ စာအုပ်တစ်အုပ်လောက် ယူလို့ရ၊မရ ကျွန်တော် ကြည့်မလို့"

ငကြောင်သည် ခေါင်းညိတ်ကာ ကွန်ပျူတာကိုပိတ်ရန် မောက်စ်ကို နှိပ်လိုက်သည်။

ထန်မော့သည် မောက်စ်ကိုကိုင်ထားသည့် ငကြောင်၏ညာလက်အား စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။ ထို့နောက် စာအုပ်စင်ဆီသို့သွားခဲ့ကာ စာအုပ်တစ်အုပ်ကို ထုတ်ယူပြီးနောက် ပြန်ထည့်လိုက်သည်။ "စာအုပ်စင်ပေါ်ကနေ ငါတို့ စာအုပ်တွေ ယူလို့ရသေးတယ်... ဒါဆိုရင် ငါ အတည်ပြုစရာလေးရှိလို့... မစ္စတာချန်း... အဲဒီအသံကို မင်း ကြားလိုက်တယ်မလား?"

ငကြောင်သည် စိတ်ရှုပ်ထွေးနေသည့်ဟန်ဖြင့် မေးလိုက်သည်။ "မင်း ပြောချင်တာက... ငါတို့ ကလေးမလေးကို ကူညီပြီး စာအုပ်ရှာပေးရမယ် ဆိုတာလား... ဒါမှမဟုတ် သူမ သေရလိမ့်မယ်ဆိုတာလား?"

ထန်မော့ ခေါင်းညိတ်လိုက်ပြီးနောက် နှစ်ဦးသား ကောင်တာအနောက်တွင် ထိုင်လိုက်သည်။ သူ ပြောလိုက်သည်။ "ငါတို့က ကောင်းကင်တမန်ဘက်က ထင်တယ်" ထန်မော့သည် သူ၏ညာလက်ကို ဆန့်တန်းရင်းပြောလိုက်သည်။ ငကြောင်သည် ထိုအရာကိုမြင်ပြီး ချက်ချင်းတုံ့ပြန်ခဲ့သည်။ အနောက်ဘက်တွင် ကောင်းကင်တမန်၏ အတောင်ပံများပါသော ကောက်ကြောင်းရှိနေသည့် ၎င်း၏ညာလက်ကို ကပျာကယာ ဆန့်တန်းလိုက်သည်။

"အင်း... ငါ့မှာလည်း အဲဒါရှိတယ်"

ကလေးသံလေးက 'ကောင်းကင်တမန်'ဟု ပြောသည့်အချိန်၌ ထန်မော့သည် သူ၏ညာလက် အနောက်ဘက်တွင် ဤပုံစံကို တွေ့ရှိခဲ့ရသည်။ ရည်ရွယ်ချက်က ထင်ရှားလေသည်။ ထန်မော့သည် ကောင်းကင်တမန်၏ ဘက်တော်သားဖြစ်သည်။ တရုတ်မှာရှိသော လူအများစုသည် ညာသန်များ ဖြစ်ကြသည်။ သူသည် သံသယဝင်ခြင်းမှ ရှောင်လွှဲနိုင်ပြီး ငကြောင်၏အဖွဲ့ကို သိရှိနိုင်ရန်အတွက် ငကြောင်အား ကွန်ပျူတာပိတ်ပေးရန် တောင်းဆိုခဲ့သည်။

ကမ္ဘာကြီး အွန်လိုင်းပေါ် တက်လာပြီWhere stories live. Discover now