2-2

24 4 0
                                    

(Unicode) ထန်မော့သည် မတ်တပ်ရပ်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် အခန်းထဲ၌ လှည့်ပတ်နေခဲ့သည်။ သူ၏စိတ်သည် တည်ငြိမ်ခြင်းမရှိဘဲ သူ၏နှလုံးသည် သူ၏ရင်ဘတ်ထဲမှ ခုန်ထွက်သွားတော့မလိုမျိုး နှလုံးခုန်သံက အလွန် မြန်ဆန်နေသည်။ ထန်မော့သည် သူ၏အခန်းထဲ၌ အကြိမ် ၁၆၀လောက် လှည့်ပတ်နေခဲ့ပြီး ရုတ်တရက် ရပ်တန့်သွားသည်။

... ဒါက သူနဲ့မတူဘူး!

သူ ဘာလို့ ရုတ်တရက် ကမောက်ကမတွေ ဖြစ်ကုန်တာလဲ?

ထန်မော့သည် ရေချိုးခန်းဆီသို့သွားကာ သူ့ခေါင်းကို ရေပိုက်ခေါင်းအောက်တွင် ထားလိုက်သည်။ အအေးမိမှာကို စိုးရိမ်နေမည့်အစား သူသည် ရေအေးကို တိုက်ရိုက်ဖွင့်ကာ သူ့ဦးခေါင်းပေါ် လောင်းကျစေခဲ့သည်။ တည်ငြိမ်သွားသည်ဟု သူ ခံစားခဲ့ရပြီးနောက် အခန်းထဲသို့ ပြန်လာခဲ့ကာ ရေအေးအေး တစ်ဖန်ခွက် လောင်းထည့်လိုက်သည်။ ထို့နောက် ကွန်ပျူတာကို ဖွင့်၍ ဖဲဂိမ်းဆော့ဖ်ဝဲကို ဖွင့်လိုက်သည်။

သူ တည်ငြိမ်ဖို့ လိုအပ်တယ်...

ရုတ်တရက်ဖြစ်ပေါ်လာသော ဤစိုးရိမ်ကြောင့်ကြမှုသည် သူ၏ထိန်းချုပ်မှုအောက်တွင် မရှိခဲ့ပေ။

သူ၏နှလုံးခုန်နှုန်းမှာ အရမ်းမြန်နေသောကြောင့် သူ၏စဉ်းစားဆုံးဖြတ်နိုင်စွမ်းအား အကျိုးသက်ရောက်မှုရှိစေခဲ့ခြင်း ဖြစ်နိုင်ပေသည်။ အခုတောင်မှ တစ်မိနစ်ကို အကြိမ် ၁၅၀လောက် ဖြစ်နေလောက်သည်။

ထန်မော့သည် ဂရုမစိုက်သည့်ဟန်ဖြင့် ကွန်ပျူတာဖန်သားပြင်ကို ကြည့်နေခဲ့သည်။ ဤအချိန်၌ ကြီးမားသောဖြစ်ရပ်ကြောင့် ဂိမ်းကစားချင်သူများမှာ နည်းလွန်းလှသည်။ ၁၀ မိနစ်ခန့် သူ စောင့်ဆိုင်းပြီးနောက် အခန်းတစ်ခုအတွင်းသို့ဝင်ကာ လက်တစ်ဆုပ်စာ ကတ်များကို ဖွင့်လိုက်သည်။ ဂိမ်းသည် ရှေ့ဆက်သွားခဲ့ပြီး သူ့ဦးနှောက်သည်လည်း လျှင်မြန်စွာ ပြောင်းလဲသွားသည်။ ထန်မော့၏စိတ်သည် တဖြည်းဖြည်း တည်ငြိမ်လာခဲ့ပြီး နှလုံးခုန်မြန်သည် ဆိုရုံလောက်သာ ရှိတော့သည်။

သူသည် အလွန်အိပ်ချင်လာပြီး သူ၏အိပ်ရာပေါ်တွင် အိပ်မောကျသွားသည့် အချိန်အထိ တစ်နေ့လုံး ဂိမ်းကစားခဲ့သည်။

ကမ္ဘာကြီး အွန်လိုင်းပေါ် တက်လာပြီWhere stories live. Discover now