သည်ဇာတ်လမ်းမှာ ကျွန်တော်ဟာ အဓိကဇာတ်ကောင် ဖြစ်ချင်ဖြစ်မည်၊ အပယ်ဇာတ်အိမ်ဖြစ်,ဖြစ် ကျွန်တော်ဟာအကို၏ အသုံးတော်ခံသာ။အကိုကရယ်ရတာပဲနော်။ ဖြစ်ပြီးခဲ့သမျှ၊ ပြင်ဆင်ပြီးခဲ့သမျှ တွေကို ဖုန်မှုန့်တွေကြောင့် ပျက်ဆီးမှာစိုးရိမ်နေတဲ့ကမ္ဘာတစ်ခုအလား သည်ပလပ်စတစ်တစ်ခုအား အပြန်အလှည်သာ သုံးပြုနေခဲ့တယ်။
ကျွန်တော်ဟာ အကို၏ရင်မှာ နေရာမဆန့်လျှင် ဘေးဖယ်ပေးရုံသာ။ ဘယ်သော်အခါကမှ မချစ်ခဲ့တဲ့ အကိုအား အံ့ဩမိပါရဲ့။ သည်အချိန်ထိတိုင် ကျွန်တော်ဟာ အကို့ရဲ့ လက်စားချေရန် အသုံးတော်ခံသာ။
သိတာပေါ့၊ အစောကြီးတည်းက ကျွန်တော်ကသိခဲ့တာ။ ချစ်လွန်းလို့ လျစ်လျူရှုခဲ့ရတာ။ အကို့ကို ချစ်လွန်းလို့ ပေးဆပ်ခဲ့တာ။
သည်ကစားပွဲဟာ ဟိုးအချိန်တည်းက ဆော့မည့်လူမရှိခဲ့တာ။ ကျွန်တော် တစ်ယောက်တည်းကသာ ချစ်ခဲ့တာ။ သည်ကစားပွဲမှာ အထီးကျန်စွာ၊ တစ်ယောက်တည်း ကျွန်တော်ဟာ ဆက်ကစားလျှက်။
YOU ARE READING
Recycle
Fanfiction"ငါမင်းကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူး" "ဒါဆိုဘာလို့ အကိုက ဒီဟာသတွေကိုပဲ အပြန်အလှန် သုံးနေရတာလဲ"