ကျောင်းသားတိုင်းက ရယ်မောနေသည့် သည်စာသင်ခန်းထဲ သိုးမည်းတစ်ကောင်လို တစ်ယောက်ထဲ ငြိမ်သက်နေတဲ့ ဂျယ်ယွန်းက သည်အခါတော့ သိုးဖြူတစ်ကောင်ကို မသိလိုက်မိပဲ စောင့်ဆိုင်း နေဦးလိမ့်မည်။ဂျယ်ယွန်းက စာသင်ခန်းထဲ ငြိမ်သက်နေမည်ဆို ဟီဆွန်းကသာ သူ့အတွက် အပြုံးတွေ ရေးဆွဲ ပေးလိမ့်မယ်။ ထိုသို့ဆို အပြုံးတွေအတွက်တော့ စိတ်အေးရပါရဲ့။
ဂျယ်ယွန်းရဲ့ သိုးဖြူလေးကတော့ ရောက်လာပြီဖြစ်တယ်။
"ဂျယ်ယွန်း~"
"အတန်းပြီးရင် ငါနဲ့ နေရာတစ်ခုလိုက်ခဲ့ မလား""ခဏတော့ရမယ်"
အတန်းပြီးရင် ကျူရှင်ရှိသေးတာ ဖြစ်ပေမဲ့...တစ်ရက်လောက် အဆူခံလိုက်လဲ ဘာမှမပြောပါးလောက်ဘူးမလား။
ဟီဆွန်းခေါ်လို့သာ လိုက်လာရတာ။ ဒါဘယ်လိုနေရာမှန်းတောင် မသိဘူး။ လမ်းတစ်လျှောက် ကားအသွားအလာနည်းတယ်။ စဥ်စားကြည့်တော့၊ ဒီလမ်းပေါ်မှာ သူတို့နှစ်ယောက်ထဲ။ ဧည့်သည်အနေနဲ့ ကောင်းကင်ပြာထဲ ပျံဝဲနေတဲ့ ငှက်ငယ်လေးတွေတော့ပါမှာပေါ့။
တစ်ခါလောက် ငှက်ကလေးတစ်ကောင်လို အပူအပင်ကင်းကင်း ပျံသန်းချင်လိုက်တာ။
ဟီဆွန်းက သူ့ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ် ထင်တယ်။
လမ်းတဆုံးက ရေတွေနဲ့ ပဲပြည့်နှပ်နေမယ် မထင်မိဘူး။ တကယ်ဘာမှမရှိဘူး။ သဲတွေရယ်၊ သဲတွေနဲ့ နွယ်စပ်နေတဲ့ ပင်လယ်ရေတွေရယ်။ သဲပြင်ပေါ်ကို ခြေတပြားစာလောက် လှမ်းလိုက်တာနဲ့ တရှိန်ထိုး တိုးဝင်လာတဲ့ ငါးအစိမ်းအနံ့တွေကတော့ လျစ်လျူရှုပေးပါ့မယ်။
ဆွဲသွင်းခံလိုက်ရတဲ့ ခန္ဓာဟာ ပင်လယ်ရေနဲ့ ထိပါးပြီးပြီ။
ပြန်လည် ရုန်းဖို့တောင် အားအင်တွေ လုံလုံလောက်လောက် သုံးခွင့်မပေးဘူး။အီဟီဆွန်းဆိုတဲ့ လူက ဂျယ်ယွန်းကို လှည့်ပြီး ကြောက်စရာ အပြုံးလေးတစ်ခုလောက်တော့ လက်ဆောင်ပေးတယ်။
သည်လက်ဆောင်မျိုးကို တကယ်မကြိုက်ဘူး။
ဒါဘာအပြုံးမျိုးလဲ။
ဆွဲဆောင်မှုရှိတဲ့ သမင်မျက်လုံးဝိုင်းတွေ။
ဂျယ်ယွန်းကို ဖုန်စုပ်စက်တစ်ခုက ဆွဲငင်နေသလိုမျိုးထင်ပေါ်လွန်းတဲ့ အပြုံးကြီးကြီးတစ်ခုက အနည်းငယ်လောက်တော့ ထူးခြားတယ်။

YOU ARE READING
Recycle
Fanfiction"ငါမင်းကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူး" "ဒါဆိုဘာလို့ အကိုက ဒီဟာသတွေကိုပဲ အပြန်အလှန် သုံးနေရတာလဲ"