အချိန်တွေဟာ ပြောင်းလဲလာသည့်တစေ အကို့အတွက် ကျွန်တော့်အချစ်တွေဟာ ပြောင်းလဲမည်မဟုတ်။ ကျွန်တော်တို့၏ ချစ်ခြင်းကို သီချင်းတစ်ပုဒ်အဖြစ် သွင်ပြင်မည်ဆိုလျှင် သည်ချစ်ခြင်းဟာ အဖိုးမဖြတ်နိုင်ရန်။
ကျွန်တော်ရဲ့ အချစ်သီချင်းလေး ထဲမှာဆိုရင်တော့ ဝမ်းနည်းပူဆွေး၍ မျက်ရည်ပေါက်တွေပါမည်မဟုတ်။"ကျွန်တော်တို့ဟာ တစ်ယောက်အားတစ်ယောက် နှလုံးအိမ်အား ပေးအပ်ထားကြ၍ ချစ်မည်။ ကျွန်တော်တို့၏ ကြား၌ မုန်းပင်များအား မပေါက်ဖွားနိုင်ရန်။ ချစ်ခြင်းတို့ကိုသာ မြတ်နိုးပါ၏။ လိင်တူချစ်ခြင်းအားလဲ ကန့်ကွပ်မည်မဟုတ်။"
တကယ့်လက်တွေ့မှာတော့ ကျွန်တော်တို့၏ အချစ်သီချင်းလေးနှင့် ကွာခြားလျှက်။ အကိုလဲ အကို့ဘဝနဲ့အကိုဖြစ်မည်ပေါ့။ ကျွန်တော်တစ်ယောက်တည်းကသာ ဒီဘူတာမှာ ဆက်ရှိနေသေးတာ။
အကိုဟာ အကို့ရဲ့မိသားစုလေးမှာ အကိုရဲ့ ချစ်လှစွာသောမယားနှင့် သမီးလေးတစ်ယောက်လဲ ပိုင်ဆိုင်ထားရမှာပေါ့။ အကို့ရဲ့ မိသားစုလေးကတော့ ပြည့်စုံလို့။
မိသားစုဝင် သုံးယောက်လောက်တော့ ကောင်းကောင်း,မွန်မွန် နေ၍ရနိုင်မည့် အိမ်လေးတစ်လုံးရယ်၊ ပြည့်စုံလွန်းတဲ့ အိမ်ထောင်ဦးစီးအကိုရယ်၊ အိမ်မှုကိစ္စအဝ,ဝ တာဝန်ယူနိုင်တဲ့ အကို့ရဲ့ ချစ်လှစွာသော မိန်းမရယ်၊ ယှဥ်ကျေးလွန်းလှတဲ့ အကို့ရဲ့ သမီးလေးရယ်၊ အဓိက ကတော့ လိမ်ညာမှုတွေမပါပဲ ဖြူဆင်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့။
ကျွန်တော့်မှာတော့ သည်ဗီလာအဖြူကြီးထဲမှာ အပယ်သူမှမရှိကာ တစ်ယောက်ထဲ အထီးကျန်စွာနေထိုင်လို့။ တစ်ဦးတည်သောရှိတော့သည့် အဖေလဲ ကျွန်တော့်အနားမှာမရှိတော့။ ငယ်စဥ်တည်းမှ မရှိခဲ့တဲ့ အမေ့အားလဲလွမ်းမိပါရဲ့။
အသိမိတ်ဆွေ တစ်ယောက်တောင် မရှိတဲ့ကျွန်တော့် ဘဝမှာ အကိုဟာကျွန်တော့်ရဲ့ တစ်ဦးတည်းသော် အသိမိတ်ဆွေ။ အရင်အချိန်တွေမှာ ပျှော်ရွှင်မှုတွေဟာ အစစ်မှန်မဟုတ်ခဲ့သော်လဲ ကျွန်တော့်အတွက်တော့ သည်အထီးကျန်မှုတွေအထက်သို့။
အကိုရယ် ကျွန်တော်ဟာ အကိုအားချစ်ရန် မလုံလောက်ခဲ့လို့များလား။ ကျွန်တော်ဟာမိန်းမတစ်ယောက် မဖြစ်ခဲ့လို့များလား။
ကျွန်တော့်အား မကြိုဆိုသည့် သည်ကမ္ဘာကြီးအား ကျွန်တော်ဟာ ထွက်သွားဖို့အဆင်အသင့်ပြင်ရန်...။
YOU ARE READING
Recycle
Fanfiction"ငါမင်းကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူး" "ဒါဆိုဘာလို့ အကိုက ဒီဟာသတွေကိုပဲ အပြန်အလှန် သုံးနေရတာလဲ"