အကိုကကျွန်တော့်ကို ချစ်တယ် လို့အကြိမ်ကြိမ်,အခါခါ ပြောဖူးတယ်။ ကျွန်တော်ဒါတွေကို မယုံခဲ့ဘူးဆို လိမ်ရာကြမှာပေါ့။"ယွန်း အကိုကချစ်တယ်နော်"
အသက်မဲ့စွာပြောလာတဲ့ ချစ်သက်စကားမှာ အလိမ်အညာဆိုသည်ကို ယုံရန်ခက်ခဲ။ ဂျယ်ယွန်းမှာ သည်အချစ်စကားလေး တစ်ခုအတွက်နဲ့ အရာရာကို လျစ်လျူရှုနိုင်တယ်။ အကိုရယ်....။ ကျွန်တော့်အားလဲ လှည့်ကြည့် လှည့်ပါဦး။
သည်လိုတွေ၊ အကိုကဂျယ်ယွန်းကို သည်လို အသက်မဲ့ ချစ်စကားတွေ ပြောတတ်တယ်။ ကျွန်တော်ကတော့ သည်ချစ်စကားများအားလည်း မြတ်တနိုးပါရဲ့။
ဖြူဝင်းလှတဲ့ ဗီလာတစ်ခုထဲ နေထိုင်သူလူ နှစ်ဦးအပြင် ခြံစောင့်တွေသာ ရှိမည်။ ဗီလာအတွင်းသို့ဝင်ရန် ကြီးမားတဲ့ လူအုပ်အား ဖြိုခွင်းနိုင်မှသာ။
သည်လို အတန်စာတွေကို ကျွန်တော်လိုအပ်သည်မဟုတ်၊ ကျွန်တော့်အတွက် မေတ္တာတွေပေးနိုင်ရင်ကို ကျွန်တော့်ရဲ့ ဘဝမှာပြည့်စုံနေမည်။
ဂျယ်ယွန်းအိမ်မှာ အဆင်မပြေလျှင်တောင် ကျောင်းမှာ ဂျယ်ယွန်းကို အရေးပေးလောက်မည်မလား။ အထက်တန်း ပထမရက်မှာတောင် ဂျယ်ယွန်းအား မြင်မည်မထင်။ အဖေ့ရဲ့ မတရားမှုများကြောင့် ဂျယ်ယွန်း၏ အနောက်ရာဇဝင်၌လဲ အမည်းစက်များဖြင့်သာ။ ဂျယ်ယွန်း အသက်သုံးနှစ်အရွယ်ချိန်ကိုတောင် သတိရမိပါရဲ့။
"ရှင်းမ်ဂျယ်ယွန်းလေ သူ့အဖေက သူများပိုက်ဆံတွေကို မတရားယူတာ"
"ဟုတ်လား အဲ့တာကြောင့် အဲ့လောက်ချမ်းသာနေတာ"
ကစားကွင်းမှာ မိန်းကလေးအချို့ဟာ ဂျယ်ယွန်းနှင့် ရင်းနှီးရမှာ သဘောမဝင်ပုံ။ ကလေးတစ်ချို့ရဲ့ မိဘတွေဟာလဲ သူတို့သားသမီးအား ဂျယ်ယွန်းနှင့် မပေါင်းရန် ဆုံးမနေပုံ။
အမြဲတမ်းအပယ်ခံ နေရသည်မှာ ဂျယ်ယွန်းအတွက် ရိုးနေပြီမလို့ အပြောမရှိတော့ပါ။
~
တစ်ရက်၊ ဟုတ်တယ် အဲ့တစ်ရက်မှာ ဂျယ်ယွန်းထင်လိုက်မိတာ.....။ ဂျယ်ယွန်းရဲ့ အမှောင်ထုကြီး ပြန်လည် ဝင်းလက် ပြီးထင်တယ်။ အချိန် အတော်အကြာ မှောင်မိုက်တွေအား အလင်းတန်းတစ်ခုဟာ ရှေ့သို့ မတ်မတ်ဖြင့် သက်ဆင်းလာခဲ့။ အထက်တန်းဒုတိယနှစ်၊ ဂျယ်ယွန်းရဲ့ ပထမဆုံး သူငယ်ချင်ဖြစ်လာပေးမဲ့ သူပေါ်လာချိန်။
YOU ARE READING
Recycle
Fanfiction"ငါမင်းကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူး" "ဒါဆိုဘာလို့ အကိုက ဒီဟာသတွေကိုပဲ အပြန်အလှန် သုံးနေရတာလဲ"