စာသင်ချိန်မှာ ပြီးဆုံးသွားပြီး မုန့်စား ဆင်းချိန်သို့ရောက်ခဲ့သည်။
"ဟေဇယ် မုန့်သွားဝယ်မယ်..."
"လာပြီ မေဘယ်"
ထိုနောက် သူတို့နှစ်ဦး မုန့်ဈေးတန်းရှိရာသို့လာ ခဲ့ကြသည်။
မုန့်ဈေးတန်းတွင်
"ဘာစားမလဲ ဟေဇယ်"
"Coffee ပဲ မှာပေး မေဘယ်"
"ဟုတ်ပြီ"
Coffee နှင့် မုန့် အချို့ ဝယ်ပြီး အတန်းထဲ သို့ ပြန်ဝင်လာခဲ့ကြသည်။ ထို့နောက် မုန့်စား ဆင်းချိန်ပြီး ပြီး ဆုံးပြီး အခြား အချိန်များသည်လဲ ပြီးဆုံးခဲ့သည်။ ကျောင်းမဆင်းခင် မိနစ်ပိုင်းအလိုတွင် တီချယ်ခက် သည် ဟေဇယ် ကိုလာခေါ်လေသည်။
"ဟေဇယ်မောင်"
"ဗျာ.."
"တို့နဲ့ လိုက်ခဲ့ပါ"
"ဟုတ်ကဲ့ တီချယ်ခက်"
ထို့နောက် သူတို့နှစ်ဦးထွက်လာကာ ဟေဇယ်အိမ် တွင် အဝတ်အချို့ ယူကာ မိဘများအား ပြောပြီး တီချယ်ခက် အဆောင် သို့ ပြန်ရောက်လာခဲ့သည် ထိုအရောက်တွင် ကျောင်း ဆင်း ပြီး ချိန်ဖြစ်၍ ကျောင်း ဝန်းကြီးမှာ တိတ်ဆိတ်နေခဲ့သည်။
"မင်းတို့ နဲ့ တူတူအိပ်ရမယ်"
"ဗျာ!!"
"ဘာလို့ အဲ့လောက်အော်နေတာလဲ"
"ဘာ..ဘာမှ မဟုတ်ပါဘူးဗျ"
"အင်း အဝတ်တွေ သေချာနေရာချ"
"ဟုတ်ဗျ"
ထိုသို့ဖြင့်ရက်ပေါင်းများစွာကုန်ဆုံးသွားခဲ့ပြီး ဟေဇယ်မောင် နှင့် တီချယ်ခက်စိမ်းဝေတို့မှ သံယောဇဉ်တွေပိုခဲ့ကြသည်။
"ဟေဇယ်လေး"
"ခဗျာ"
"ပွဲလဲ ပြီးပြီ ဆိုတော့ အိမ်ပြန်တော့မှာပေါ့နော်"
"ဒါပေါ့ဗျ"
"ဟင့်..."
"ဘာဖြစ်တာလဲ တီချယ်"
"ရှင်က ပစ်ထားခဲ့တော့မှာပေါ့"
"ဟောဗျာ"
"ဟွန့်"
"စိတ်မကောက်ပါနဲ့တီချယ်ရယ် ကျွန်တော်မပြန်တော့ဘူးနော်.."
"တကယ်နော်"
"တကယ်ပါဗျာ"
"အဲ့ဆို ပြီးရော"
"ဟုတ်ဗျ"
ထိုသို့ဖြင့် ချွဲခြင်း စိတ်ကောက်ခြင်းများဖြင့်ပြည့် နေခဲ့သည်။ သို့သော် နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် ချစ်နေသည်ကို မဝင်ခံကြ။
ထိုသို့ဖြင့် နေလာခဲ့ကြသည်မှာ ၆ တန်း စာမေးပွဲ ပြီးသည်ထိပင်"
"ဟေဇယ်..."
"ဗျာ တီချယ်"
"တို့တွေ ခွဲရတော့ မှာပေါ့နော်"
"တီချယ်ရယ် ၄နှစ်ထဲပါ"
"၄နှစ် ဆိုတာ အင်းနည်းတဲ့ အချိန်ထင်နေသလား ဟွန့်"
"စိတ်မကောက်ပါနဲ့ တီချယ်ရယ် နော်..."
"အင်းပါ ၄နှစ်ပြီးရင် ပြန်လာနော်.."
"ဟုတ်ကဲ့ပါဗျာ..."
ထိုသို့ ၄နှစ်ခွဲရခြင်းအကြောင်းမှာ ဟေဇယ်မောင်သည် နိုင်ငံခြားတွင် ကျောင်းသွားတတ်ရမည် ဖြစ်သောကြောင့် ဖြစ်သည်
ထိုနေ့ မနက်သည် ဟေဇယ်မောင် နိုင်ငံခြားသွားမည့်နေ့ဖြစ်သည် လေဆိပ် ထိ တီချယ် လိုက်ပို့ခဲ့ပြီး ဂရုစိုက်ရန် အထပ်ထပ်အခါခါ မှာနေလေသည်။ လေယာဉ်ပျံထွက်ချိန်နီးလာတာကြောင့် အားလုံးကို နှုတ်ဆက်ခါ ထွက်လာခဲ့ရသည်
တီချယ်ခက်သည် ဟေဇယ် ဖုန်းဆက်မလားဆိုကာ စော်င့ခဲ့သော်လည်း မဆက်ခဲ့ ထိုသို့ဖြင့် ၄နှစ်သာ အချိန်မှာ ကုံဆုံးခဲ့ရသည်။ ထိုနှစ်ဦးမှာ လုံးဝ အဆက်အသွယ် ပြတ်သွားခဲ့သည်။ တီချယ်သည်လဲ ဟေဇယ်မောင် နိုင်ငံခြားသို့ ထွက်သွားပြီး ထဲက မန်းလေးသို့ အပြောင်းကျခဲ့သည် ထို့ကြောင့် မန်းလေး တွင်သာ အခြေချခဲ့သည်။
ထိုနေ့သည် ဟေဇယ် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ရန်ကုန်လေဆိပ်တွင် ဟေဇယ် မိသားစု ဝင်များ လာကြိုခဲ့သည် သို့သော် ဟေဇယ်ပထမ ဆုံးရှာ သည်မှာ တီချယ်ဖြစ်သည်။
"မာမီ"
"ရှင်"
"တီချယ်ရော"
"တီချယ်ကမာမီတို့နဲ့ အဆက်အသွယ်မရှိဘူး ကလေးရဲ့"
"ဟုတ်မာမီ"
ဟေဇယ် နိုင်ငံခြားမှ ပြန်လာပြီး ရုပ်ပြောင်းသွားခဲ့သည် နိုင်ငံခြားသား ရုပ် ဖြစ်ခဲ့သည်။ မန်းလေးတွင် coffee ဆိုင်ဖွင့်ရန် မန်းလေးသို့ ထွက်လာခဲ့သည်။
______
သည်းခံဖတ်ကြကွယ် စကားအများကြီးမပြောလိုက်ရဘူး ဒီအပိုင်းက☺️🖤