Coffee ဆိုင် တစ်ဆိုင်အား 42st ဘက်တွင် ဖွင့်ခဲ့သည်။ ဆိုင်အပြင်အဆင်မှာ လှသဖြင့် လူအများရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ထိုနေ့တွင် ဟေဇယ် ဆိုင်ကို လာပြီး လိုအပ်တာတွေ ဖြည့်နေ စဉ် အမျိုးသမီး တစ်ဦး ဆိုင်ထဲ သို့ ဝင်လာခဲ့သည် ထိုအမျိုးသမီးမှာ တစ်ခြားသူမဟုတ် တီချယ် ခက်စိမ်းဝေ ပင် ဖြစ်သည်။
"တီချယ်"
ရုတ်တရပ် ဟေဇယ် နှုတ်ခမ်းမှ ထွက်ပေါ်လာသော နာမ်စား
တီချယ်သည် ဟေဇယ်အားမမှတ်မိပါ ထို့ကြောင့် ဟောဇယ်သည် စနောက်ရန် မသိသလိုနေလိုက်သည်။
"ဘာသုံးဆောင်မလဲဗျ"
"Black coffee တစ်ခွက်ပေးပါ"
"ဟုတ်ကဲ့ ခနစောင့်ပေးပါဗျ"
ခနအကြာတွင် black coffee ခွက်အားကိုင်ကာ ဟေဇယ် သည် တီချယ်ရှေ့တွင် ချပေးကာ..
"ကျွန်တော် ဒီမှာ ထိုင်လို့ရမလား"
"ရပါတယ်ကွယ်"
"တီချယ်...မှားလို့ အမ ကြည့်ရတာ တစ်ခုခု ကို လွမ်းနေသလိုပဲနော်..."
"ဟုတ်တာပေါ့ တို့ တပည့်လေး တစ်ယောက် ကိုလွမ်းမိသွားလို့ပါ"
"နာမည်သိခွင့်ရှိမလား အမ"
"သူ့နာမည်က ဟေဇယ်မောင်ပါ"
"တီချယ်"
"ဟင်???"
"ကျွန်တော့်ကို မမှတ်မိဘူးမလား တီချယ်"
"ဟေဇယ်...."
"ဗျာ.."
"ဘယ်တုန်းက ပြန်ရောက်တာလဲ ၄နှစ်လုံး ဘာလို့ အဆက်အသွယ် ဖြတ်ရတာလဲကွာ"
"ဟော ဘာလို့ ငိုနေတာလဲ တီချယ် ခုကျွန်တော် ပြန်လာပြီလေ"
"မင်းမကောင်းဘူးကွာ ပြန်တော့မယ် "
"နေပါအူံးဗျာ"
"ဟွန့်"
"ကျွန်တော်တောင်းပန်ပါတယ်နော်..."
"ဒါပဲလား..."
"ကျွန်တော်နဲ့ခနလိုက်ခဲ့ တီချယ်"
ထိုသို့ပြောကာ ဟေဇယ်သည် တီချယ်လက်ကို ဆွဲကာ တစ်နေရာသိူ့ ဦးတည်သွားခဲ့သည်။ထိုနေရာမှာ မြက်ခင်းပြင်တစ်ခုသာ ထိုမြက်ခင်းပြင်ထဲ တွင် တီချယ်ကို မျက်လုံးမှိတ်ခိုင်းကာ ဒူးထောက်လိုက်သည်။
"မျက်လုံးဖွင့်လိုက် တီချယ်"
"ဟင်??"
ဟေဇယ်သည် လက်စွပ်ဘူး တစ်ခုကို ကိုင်ထားကာ အထဲတွင် စိန်လက်စွပ်တစ်ကွင်းပါသည်။
"တီချယ် ကျွန်တော် တီချယ်ကို ချစ်တယ် ကျွန်တော့်ကို လက်ခံနိုင်မလား??"
"တီချယ် လက်ခံပါတယ် ဟေဇယ်"
ထို့နောက် လက်စွပ်အား တီချယ် လက်တွင်စွပ်ပေးကာ တီချယ်အား တင်းကျပ်စွာဖတ်ထားလိုက်သည်။
"လွတ်ပါအုံးရှင်ရယ်... ကျွန်မ အသက်ရှု ကျပ်နေပြီ"
"ပျော်သွားလို့ပါ တီချယ်ရယ်"
"ပစ်ထားတုန်းက ပစ်ထားပြီး ဟွန့်"
"မောင်တောင်းပန်ပါတယ်ဗျာ"
"ဘယ်သူက ရှင့်ကို မောင်လို့ ခေါ်လို့လဲ ဟွန့်"
"မခေါ်လဲ မောင်ပဲဗျာ"
"မရပါဘူးနော်"
"မကျေနပ်ဘူးလားတီချယ်က"
"မကျေနပ်ဘူးရှင်"
"မကျေနပ် မောင်လို့ ခေါ်လေ"
"ငါထုလိုက်ရ"
"တီချယ်ကလဲ"
"တီချယ်က မလဲ ဘူး သွားမယ်"
"ဟုတ်ကဲ့"
ကားဖြင့် တီချယ်အိမ်သို့ ထွက်လာခဲ့ကြသည်။
"တီချယ်..."
"ရှင်"
"တူတူနေချင်တယ်ဗျာ"
"အိုကွယ်"
"နော်....."
"ရှင် ကျမ ကိုလက်ထပ်နိုင်ရင်နေပေါ့"
"တကယ်နော်"
"အင်း.."
"ဟုတ်ဟုတ်"
_______
တိုသွားလို့ တောင်းပန်ပါတယ် အချစ်တို့"