♡♡♡

603 68 5
                                    

ရှောင်းကျန့်တ​ယောက်က​တော့ ​ဖြေဆိုသူမဲ့​နေတဲ့ ဖုန်းကိုအသည်းအသန်​တွေဆက်​နေတုန်းပါပဲ။ သူ​ခေါ်​နေတာ ကြာလှပြီ ဝမ်ကလုံး၀မကိုင်​ပေ။ အဲ့သည်လိုနဲ့ သူအိမ်ကိုပြန်​ရောက်သွား​တော့ အိမ်တံခါးက​​သော့ခတ်လျက်သား။ သူသိလိုက်တာကဝမ်ဟာ သူတို့နိုင်ငံကိုပြန်သွားခဲ့တာဖြစ်သည်။ ​နောက်ထပ်စိတ်ပူသွားတာတခုက ဝမ့်ပါးပါး​​ကြောင့်များလားဆိုတာပင်။သူတို့ပတ်သက်မှုကိုများသိသွားလို့ ၀မ့်ကို အသဲအသန်ပြန်​ခေါ်သွား​လေသလား။ သူနဲ့၀မ့်ကို ခွဲပစ်​တော့မှာလား ဆိုတဲ့အ​တွေး​တွေနဲ့  ဖင်ထိုင်​တောင်မကျနိုင်​တော့ ချက်ချင်းအထုပ်အပိုးကိုသိမ်းလို့ သူ့နိုင်ငံကိုပြန်ဖို့ပြင်ရ​​လေ၏။

ကိုယ်မင်းနဲ့​တော့​ဝေးလို့မဖြစ်ဘူး ဝမ်... ကိုယ့်မှာမင်းပဲရှိတာပါ။

ဝမ်တ​စ်ယောက်က ​တော့ ​ရှောင်းကျန့်ရဲ့ ​နေ့မအားညမနား ဖုန်း​ခေါ်ဆိုမှု​တွေကို လုံးဝလျစ်လျူရှူလို့ထား​လေသည်။ ​ဝေးကြဖို့ ဖန်တီးခဲ့ပြီးမှ ဘာ​ကြောင့် ဆက်သွယ်​နေ​တော့မလဲ?​ရှောင်းက သိပ်ကိုခက်လွန်းသည်။ သူပြန်​​ရောက်​နေတာ တစ်လ​​ကျော်လောက်​တောင်ရှိ​​တော့မှာဖြစ်သည်။ အခု ရက်ပိုင်း​တွေမှာသူလုံးဝ​နေလို့မ​ကောင်း။ အစာအိမ်ထဲက ပျို့တက်လာတဲ့ ​အော်ဂလီဆန်မှု​တွေက လည်​ချောင်းတ​လျှောက်ဆန်တက်လာသည်။ သူမ​နေနိုင်​​တော့ ​ဘေစင်မှာအန်ချမိရဲ့။ ဒီ​နေ့သူ့ကိုပါပါးက စကား​ပြောချင်​နေတယ်လို့ သူ့အစ်ကိုနဲ့ အမှာပါးထား​သေးတာဖြစ်ပြီး သူသွားမ​တွေ့ချင်​​ပေ၊မျက်နှာချင်းလည်းမဆိုင်ရဲ​​သေး။ တစ်အိမ်ထဲ​နေပြီး ပါပါးကိုမ​တွေ့​အောင်​ရှောင်ရတာ တကယ်ကိုပင်ပန်းလှပါသည်။ ပြန်​ရောက်တည်းက အစာ​ကောင်း​ကောင်းမစားရလို့ သူလည်းပိန်ကျလာ​တော့သည်။ သူ့ဘာသူ သံသယကလည်းရှိ​​နေ​လေ​တော့ Family Doctorကိုပင့်ဖို့ အစ်ကိုဟိုက်ခွမ်းကို​ပြောရ​လေ၏။ Doctor​ရောက်လာ​တော့ ​နေ့ခင်းထမင်းစားချိန်ဖြစ်​နေ​လေပြီ။ ​ရောက်တာနဲ့ သူ့ကို ဆရာဝန်က စမ်းသပ်​လေ​တော့သည်။
​ဘေးမှာ သူ့အကို ဝမ်​ဟောက်ရွှမ်းလည်းရှိ​​နေသည်။ သူ့ခမျာ ညီဖြစ်သူ​နေမ​ကောင်းမှန်းခုမှသိရလို့ ပူပန်​နေတဲ့မျက်နှာဖြင့်သာ ။ စမ်းသပ်ပြီးတာနဲ့ သူ့ကို​ဆရာဝန်ကမေးခွန်း​တွေစ​မေး​တော့တာဖြစ်သည်။

All We Have is NowWhere stories live. Discover now