အခုမှ ရောက်လာတာမို့ အိမ်လေးရဲ့အပြင်ခြံထဲကို လှည့်ပတ်ကြည့်နေမိသည်။ ပါပါးက သူ့ကတိအတိုင်း ပြည့်ပြည့်စုံစုံထားပေးထားပါပင်။ အခုသူရောက်နေတာက သူတို့ Zနိုင်ငံရဲ့ တောင်ဘက်ခြမ်း ကုန်းမြေမြင့်ဒေသမှာဖြစ်သည်။ တောင်စောင်းမှာဆောက်ထားတဲ့ ဒီအိမ်လေးဟာ ဘယ်ကိုကြည့်ကြည့်စိမ်းစိုနေတာမို့ ၀မ်ကအတော်လေးသဘောကျမိရဲ့။ စိတ်ကကြည်နူးနေမိရင်း ဗိုက်ကိုငုံ့ကြည့်ကာ ပြောလိုက်မိသေး။ သူ့ကိုယ်ဝန်က အခုဆို နှစ်လကျော်လောက်ရှိနေပြီဖြစ်သည်။
" မင်းရော ဒီမှာနေရမှာပျော်လား ဘေဘီရှောင်းလေး!!! ငါ အဲ ပါပါးတော့ပျော်နေပြီ။ မင်းကလိမ္မာတဲ့ကလေးလေးမို့ ပါပါးကိုသိပ်မပင်ပန်းစေဖို့မျှော်လင့်ပါတယ်။"
ခနလောက် ဟိုဒီလျှောက်ကြည့်ပြီး သူ့အိမ်ထဲဝင်လိုက်မိသည်။ အစ်ကိုဟိုက်ခွမ်းက လုပ်စရာလေးတွေရှိလို့ အပြင်ကိုခနထွက်သွားလေရဲ့။ ပြီးတော့ ကိုကိုကြီး ခန့်ထားတဲ့ Alpha ကိုယ်ရံတော်တစ်ယောက်လည်းရောက်လာတော့မယ်ပြောတာပင်။ ဝမ်တစ်ယောက်သူ့အတွက်စီစဥ်ထားတဲ့အခန်းထဲကိုဝင်ပြီး လော့ကိုသေချာချလိုက်လေသည်။ ပါလာတဲ့ အကျီတွေသေချာစီပြီး တရေးတမောအိပ်ဖို့လည်းတွေးမိရဲ့။ ကုတင်ပေါ်ကို အိတ်ဖွင့်ပြီးတင် အိတ်ထဲက အကျီတွေကိုအပြင်စီထုတ်လို့ ဗီရိုထဲထည့်ဖို့ လုပ်ရတော့၏။ ပြီးနောက်နံရံကပ်ဗီရိုတံခါးကို ဆွဲဖွင့်ဖွင့်ချင်း သူ့မျက်နှာနဲ့တစ်တန်းတည်း အထပ်မှာမြင်နေရတဲ့ ဓါတ်ပုံဘောင်လေးတခုရှိနေပေသည်။ ထိုပုံလေးထဲမှာက ဘွဲ့ဝတ်စုံတွေနဲ့ နှစ်ယောက်တွဲရိုက်ထားတဲ့ သူနဲ့ရှောင်းရဲ့ ဓါတ်ပုံလေးသာ။ ဒီပုံက ဒီကိုဘာလို့ရောက်နေရလဲဆိုတာဇဝေဇဝါဖြစ်နေတုန်းအချိန်မှာပဲ နောက်က လက်တစ်စုံရဲ့မြဲမြံတဲ့ပွေ့ဖက်ခြင်းကိုခံလိုက်ရပါတော့၏။ ၀မ်တယောက်ရုန်းဖို့ လှည့်တာ ဘယ်လိုမှ လှည့်လို့မရအောင်လောက်အောင်သန်မာသောလက်များနှင့်ရင်ခွင်ကျယ်ကြားနစ်မြုပ်လျက်သာ။ နောက်တော့မှ တဖြည်းဖြည်းလွှင့်ထုတ်လာတဲ့ Pheromonesအရ ရှောင်းဖြစ်နေခဲ့တာပါပင်။ သူ့ကိုယ်တွင်းတစ်နေရာရှိ သန္ဓေသားမှာလည်း ထိုရနံ့၏လွှမ်းမိုးမှုကြောင့် လှုပ်လှုပ်ရှားရှားဖြစ်လာတာကိုခံစားမိပါ၏။ ရုန်းလို့မရတော့သူ့ဘက်ကစပြီးအသံထွက်ရတော့သည်။
![](https://img.wattpad.com/cover/369351841-288-k180278.jpg)
YOU ARE READING
All We Have is Now
FanfictionZSWW Omegaverse Fiction *Adult Warning * * M Preg * * Dominant Alpha Xiao Zhan x Pure Blood Omega Wang Yibo*