♡♡♡♡♡

835 71 8
                                    

Zနိုင်ငံ၊ နိုင်ငံခြား​ရေးဝန်ကြီးဌာန၏ သံအမတ်ကြီးရုံးခန်းထဲတွင်ကား တိတ်ဆိတ်မှူတို့သာကြီးစိုး​နေလျက် အသံစိုးစိမျှမကြားရပါ​ပေ။ ​ရှောင်းက ဝမ့်ရဲ့ ရင်ဘတ်​သေး​​သေး​လေး​ပေါ် မျက်နှာ​မှောက်ချလျက် သူ့အိုမီဂါရဲ့ရနံ့ကို အဆုတ်ထဲထိ​ရောက်​အောင်ရှူရှိူက်လို့​နေခဲ့သည်။ တံတိုင်း​မွှေးရနံ့သင်းသင်း​လေးက နှာဖျားဝမှတစ်ဆင့် တစ်ကိုယ်လုံးကို ပျံ့နှံ့​နေကာ မတိုင်ခင်က ငြီးစီစီဖြစ်​နေခြင်းမှသက်သာသွားရသလိုပါပင်။ ထိုအခြင်းအရာ​ကြောင့်၀မ်ကခနမျှငြိမ်​​နေခဲ့ပြီး​နောက် ပခုံး​လေးများတုန်သည်အထိ ရယ်​မောလာ​တော့သည်။ ​ရှောင်းက မျက်ခုံးများတွန့်ချိုးလျက် သူ့​​ပေါင်​ပေါ်က အိုမီဂါ​လေးအား​မော့ကြည့်လို့လာခဲ့​ပေသည်။

" ဘာရယ်တာလဲကွာ!!!!"

" ဟားဟား မင်း​ပြော​တော့ ဟားဟား"

ထိုကဲ့သို့ တစ်ဖက်သားအ​ပေါ် ညှာတာမှူမရှိရယ်​နေပုံ​လေးက​ရှောင်းကို အသဲတယားယားဖြစ်​စေသည်မို့ သူပါလိုက်ပါရယ်​မောရရင်း ၀မ့်ခါးသွယ်​လေးအားသိမ်း​ပွေ့၍ ကလိထိုး​လေသည်။ ထိုမှသာ ၀မ့်မှာရယ်​နေရင်းဖြင့်ရုန်းကန်လာ​တော့သည်။ ပြီး​နောက်  ဘယ်ချိန်ထိကိုင်ကိုင်​ထွေးအိ​နေ​​သောတင်ပါး​လေးအားပင့်မလျက် လူကို သူ့​ပေါ်ခွချီလိုက်​စေသည်။ ဝမ့်ကိုယ်လုံး​လေးအားအလုပ်စားပွဲ​ပေါ် တင်လိုက်ပြီး နား​နေခန်းထဲ Head Phoneတပ်ကာ အလုပ်ရှူပ်​နေ​​သော ကျန်းဖန်ရှင်းအား အံကြိတ်သံကြီးဖြင့်သွားမှာရသည်။

" မင့် head phone ကို အသံအဆုံးထိမြှင့်ထားပြီးအလုပ်လုပ်​နေ၊ အပြင်မှာဘာသံကြားကြားထွက်မလာနဲ့!!"

ကျန်းဖန်ရှင်းမှာ အသာပင်​ခေါင်းညိတ်ပြလာ​လေသည်။ မလုပ်ပြလို့လည်းမရ သူ့အစ်ကိုတစ်၀မ်းကွဲ ​သံအမတ်​ကြီးဒေါသက အ​ကြောင်းမ​ရွေး​ပေ။ ကျန်းဖန်ရှင်းကိုမှာပြီးထွက်လာချိန်တွင်မူ သူ့အလုပ်စားပွဲတွင်ထိုင်​နေ​​သော ဝမ့်ပုံစံ​ကြောင့် ​ရှောင်းကျန့်မှာ နှာ​ခေါင်း​သွေးပင်လျှံထွက်မတတ်။ သူ့အလုပ်စားပွဲ​ပေါ်တွင် ဝမ်က ​ခြေတံရှည်ရှည်​​လေးနှစ်ဖက်ကိုခွဲကာ လက်​နောက်ပြန်​ထောက်ထားလျက်သားဖြင့် ထိုင်​နေတာဖြစ်သည်။ အကြင်သူသည် လွန်ခဲ့သည့်နှစ်ကမှ အသက်သုံးဆယ့်နှစ်နှစ်ပြည့်သွားတာဖြစ်သည့်တိုင် မျက်နှာနုနု​လေးထက်မှ ပါး​ဖောင်း​ဖောင်း​လေးများ၊ ချစ်စရာ​ကောင်းသည့်အသွင်အပြင်​လေးများမှာမူ တစ်စက်မှ​​လျော့ကျသွားခြင်းမရှိခဲ့။ Formal Suitဝတ်ထားသည့်အချိန်ဆို ​ခြေတံရှည်ရှည်​လေး​တွေနှင့်အင်မတန်မှကြည့်​ကောင်းသည့်လူကြီးလူ​ကောင်းပုံစံမျိုး​လေးရှိတတ်​သေးသည်။ Zနိုင်ငံတွင်ရှိသမျှ မျိုးရိုးမြင့်အယ်လ်ဖာများသာမက ကျန်လူတို့သည်လည်း ဝမ်၏ ထို​သေးသွယ်​လှပသောမျက်နှာ၊ သွယ်လျလျခါး​လေးနှင့် ​ခြေတံရှည်တို့အားအရူးအမူးဖြစ်ကြပါ​ပေ၏။ အနှီသန့်စင်​သွေးအိုမီဂါ​လေးတစ်​ယောက်၏ ဂုဏ်သတင်းမှာကား သူတို့မိသားစုပဋိပက္ခမည်သို့ပင်ရှိ​နေပ​​စေနိမ့်ကျသွားခြင်းမရှိ​ပေ။ မည်သို့ပင် ဝမ်က အသက်အရွယ်အပိုင်းအခြားတစ်ခု​ရောက်လာ​စေကာမူ သူ၏ ရင်ခွင်ထဲတွင်​တော့ အမြဲချွဲနွဲ့​နိုင်​ပေလိမ့်မည်။ ထိုခွေး​ပေါက်​လေးအမြဲချွဲနွဲ့နိုင်ဖို့ရာလည်း သူ့ရင်ခွင်ကျယ်ကြီးကအမြဲအဆင်သင့်ရှိ​နေမည်သာ။ ​ရှောင်းက ဝမ့်​ခြေတံရှည်​လေး​တွေကြားထဲမတ်တပ်ရပ်ရင်း နဖူး​လေးအားအသာနမ်း​မွှေး​လေသည်။

You've reached the end of published parts.

⏰ Last updated: Jun 07 ⏰

Add this story to your Library to get notified about new parts!

All We Have is NowWhere stories live. Discover now