Unit6

837 32 1
                                    

uni

လွှမ်းကိုရီဒန်အိမ်ရှေ့ထိလိုက်ပို့ပေးသည်။အိမ်ရှေ့ထိရောက်ပြီး လွှမ်းကားပေါ်ကဆင်းမယ်လုပ်တော့

"ပြွတ်စ်!"

"ဘာလုပ်တာလဲ "

"နမ်းတာလေ"

"အရူး"

လွှမ်းကာပေါ်ကဆင်းလိုက်ပြီးအိမ်ထဲဝင်လာခဲ့လိုက်သည်။အခုချိန်မေမေနိုးနေလောက်ပြီ။အချိန်ကမနက်9နာရီထိုးပြီမို့အခုချိန်မေမေဧည့်ခန်းထဲမှာသိုးမွေးထိုးတဲ့အချိန်မို့လွှမ်းအရဲစွန့်ကာ အိမ်ထဲဝင်လာခဲ့လိုက်သည်။

"သား.."

လွှမ်းအိမ်ထဲရောက်တော့ဧည့်ခန်းထဲ
သိုးမွေးထိုးနေတဲ့မေမေကလှမ်းခေါ်သောကြောင့်လွှမ်းမေမေဆီသွားကာ
မေမေ့ဘေးနားမှာဝင်ထိုင်လိုက်သည်။

"ဘယ်သွားနေတာလဲ သား ညကလည်း
ပြန်မလာဘူးကွယ်မေမေစိတ်ပူနေတာ
သားခွန်းဆီကိုဖုန်းဆက်တော့လည်း
သားကမလာဘူးတဲ့ သူလည်းသားသွားတဲ့နေရာတွေလိုက်ရှာတာမတွေ့ဘူးတဲ့ကွယ်"

"မေမေရယ်.."

"သားရယ်..မေမေတကယ်စိတ်ပူနေ
တာကွယ် သားစိုင်းတောင်မနက်က
လာသွားသေးတယ်..သားရေ ဘယ်
သွားနေတာလဲ ဘာလုပ်နေတာလဲ
အရာရာမေးပြီးချုပ်ချယ်တာကိုမေမေ
မလုပ်ချင်ဘူး ဒါပေမယ့် သားကမေမေကိုဖုန်းမဆက်ပဲ ဘယ်တုန်းကမှအပြင်မှာမအိပ်ဘူးတော့မေမေစိတ်ပူခဲ့ရတာကွယ်...."

မေမေပြောတာကိုလွှမ်းသိပ်နားလည်
တာပေါ့ ..လွှမ်းအပြင်နှစ်ညအိပ်သုံးညအိပ်သွားစရာရှိရင်မေမေ့ကိုဖုန်းဆက်နေကြ
ဒါပေမယ့်အခုကမေမေ့ကိုဘာမှမပြောမိ
ဖုန်းကိုလည်းဟိုကောင်ကသိမ်းထားသည်မို့လည်းပါသည်။

"ဟုတ်ကဲ့ပါမေမေရယ်... သားမေမေတို့
ကိုစိုင်းတို့ကိုသစ္စာဖောက်မိပြီ..သားတောင်းပန်ပါတယ်မေမေရယ်..ဟင့်.."

တစ်ဆက်နည်းဝမ်နည်းလာသည့်စိတ်ကပါးပြင်ပေါ်ကမျက်ရည်တွေကသက်သေပင်။လွှမ်းမေ့မေ့အားအကြောင်းစုံပြောပြလိုက်တော့မေမေကလွှမ်းအားတည်တည်ငြိမ်ငြိမ်ပဲကြည့်ကာ ပြောသမျှကိုနားထောင်နေခဲ့သည်။

REDOM OF LOVE(ခေတ္တရပ်နား)Where stories live. Discover now