unit9

498 16 0
                                    

uni

အချစ်~~~
အချစ်ကြိုက်တဲ့အမူအရာလုပ် အချစ်ကသနားစရာအမူအရာလုပ်ရင် ကိုယ်သနားမယ် ပျော်စရာအမူအရာလုပ်ရင် ကိုယ်ပျော်ပေးမယ် ဒါပေမယ့်
ဒယ်ဒီနဲ့ အချစ်ကိုရအောင်ပြိုင်ယူရမယ်ဆိုရင်တော့မောင်ပြိုင်ယူမယ်အချစ်...

"မင်းဘယ်လိုတွေပြောလိုက်တာလဲရီဒန်ဘုန်းငြိမ်း"

ရီဒန်က လွှမ်းရဲ့လက်ကိုဆွဲကာသူ့နားတိုးစေ၍ခါးကိုဖတ် လိုက်ကာ

"မာမီ လွှမ်းကလေအပြင်မှာဘာပဲဖြစ်ဖြစ်အတိတ်မှာဘာအကြောင်းပဲရှိရှိ ကျွန်တော်ကအရင်ချစ်တဲ့သူမလို့ နောက်လည်းကျွန်တော်ပဲဆက်ချစ်သွားမှာမာမီ မာမီလွှမ်းမျက်နှာမမြင်ချင်ဘူး ဒယ်ဒီနဲ့ပြန်ပြီးဇာတ်လမ်းစမှာကြောက်တာမဟုတ်လား စိတ်ချမာမီ လွှမ်းကိုသားယုံတယ် ကိုယ်ချစ်တဲ့သူကိုယ် ဘယ်သူမှမယုံယုံကိုယ်ယုံဖို့လိုတယ်မဟုတ်လား "

"မင်းတော့လုံးလုံးကိုရူးခါသွားပြီ ရီဒန် မင်းလုပ်ချင်သလိုလုပ်တော့"


မေမဒီက လွှမ်းတို့အားကျောခိုင်းကာ အိမ်ပေါ်သို့တတ်သွားသည်။နောက်ဆုံးတော့မေမေဒီကလက်မြှောက်အရှုံးပေးလိုက်တာလား

"မောင်ကမောင့်မိဘနဲ့တောင်အတိုက်အခံလုပ်ပြီးအချစ်ကိုချစ်တာယုံပြီလား"

"မယုံပါဘူး "

"မယုံလည်း လာစမ်း"

"အားးးးရီဒန်ငါ့ကိုချပေးပြုတ်ကျမယ်"

"ချပေးမှာပေါ့ အိပ်ရာထဲသွားမယ် သေချာကိုင်ထားနော်ပြုတ်ကျမယ်"

"မင်းဘာတွေပြောနေတာလဲ"

လွှမ်းအားရုတ်တရက်မချီလိုက်တော့ လွှမ်းပြုတ်ကျမှာဆိုးသဖြင့် ရီဒန်လည်တိုင်အား လက်နှစ်ဖက်ဖြင့်ခိုတွဲထားမိသည်။
ပြီးနောက်လွှမ်းအားအခန်းထဲရောက်တော့ အိပ်ရာပေါ်သို့ ပစ်ချလိုက်သည်။ လွှမ်းခမျာ ခန္တာကိုယ်ကအပေါ်ကိုတောင်မြှောက်သွားသည်။ထို့ကြောင့်
ရီဒန့်အား မျက်စောင်းလေးထိုးမိသွားသည်။
တစ်ဆက်တည်းရီဒန်ရဲ့အခန်းအား လွှမ်းသေချာပြည့်မိသည်။ နံရံမှာဆိုပြိုင်ကားမျိုးစုံရဲ့ပိုစတာတွေ
3D sideတွေရောပင်။တစ်ခန်းလုံးကိုခဲရောင်သုံးထားကာ အိပ်ရာရဲ့ဘေးမှာ ကွန်ပျုတာစားပွဲ။
ပြီးတော့ ကုတင်ရဲ့ ဘေးနံရံမှာတစ်ယောက်ကြည့်မှန်ပြင်ကြီးကိုကပ်ထားသည်။စာအုပ်စင် လိုက်ကာအရောင်တွေကစ ခဲရောင်ကိုသုံးထားသေးသည်။
ဒီကောင်လေးခဲရောင်ကိုအတော်ကြိုက်သည်နှင့်တူသည်။

REDOM OF LOVE(ခေတ္တရပ်နား)Where stories live. Discover now