Unicode
"လွှတ်တော်ဥက္ကဌ ကြွရောက်လာပါပြီ" ဆိုတဲ့အသံနှင့်အတူ လွှတ်တော် အတွင်းရှိ သူများအားလုံး မက်တပ်ရပ်အလေးပြုလျက်ရှိကြသည်။
လွှတ်တော် ဥက္ကဌက ထိုင်ခုံတွေထိုင်ပြီး
"လင်တူလက်ထပ်ခြင်းကို တရား၀င်ခွင့်ပြုရန် အဆိုတင်သွင်းချက်ကို မဲခွဲဆုံးဖြတ်မှာဖြစ်ရာ လျှိုဝှက်မဲပေးလို့ရပါပြီ"
ဆိုတဲ့အသံနဲ့အတူ မဲပေးခန်းထဲ၀င်ရောက်ပြီး အသီးသီး ဆန္ဒမဲပေးကြပြီး
မဲအရေအတွက်ကို ထိုင်စောင့်နေကြသည်။အပြင်မှာလည်း သတင်းမီဒီယာနဲ့အတူ အဖြေများကို စောင့်ဆိုင်းနေသော ပြည်သူပေါင်းများစွာရှိနေသလို အဆိုပြုချက် လက်မခံသူများလာ်းရှိနေပေသည်။
ဗုဒ္ဓဘာသာနိုင်ငံအနေနဲ့ လိင်တူ လက်ထပ်ခြင်းကို လက်မခံခြင်ကြပေမဲ့ လွှတ်တော်သို့ အဆိုတင်သွင်းရာတွင် အခက်ခဲများရှိပေမဲ့ နောက်ဆုံး မဲဆုံးဖြတ်ရေး အခြေအနေသို့ ရောက်ရှိလာပြီဖြစ်သည်။
ထိုင်ဝမ်နဲ့နီပေါ တွင် တရား၀င်ခွင့်ပြုထားပြီး၂၀၂၄ နှစ်အလယ်တွေလည်း ထိုင်းနိုင်ငံမှာပါခွင့်ပြုခဲ့ပေမဲ့ မြန်မာနိုင်ငံကတော့ နှစ်ပေါင်း ၁၀နှစ်ကျော်ကြာမှ မဲခွဲဆုံးဖြတ်မှုဖြစ်ပေသည်
(ဤအကြောင်းရာသည် စိတ်ကူးယဉ်သက်သက် ဖြစ်ပါသည် တကယ်ဖြစ်စေတဲ့စိတ်ကြောင့်လည်းပါပြီး နောက် နှစ်ပေါင်း ၁၀နှစ်ကို ကျော်ပြီး စိတ်ကူးဖြင့်ရေးခြင်းဖြစ်ပါသည်)
လွှတ်တောင်ထဲတွင်လည်း မဲများ ရေပြီး နောက်တွင် လွှတ်တော်ဥက္ကဌ မှနေ၍
"အဆိုပြုမှုကို ထောက်ခံသူ ၇၀% ကန့်ကွက်သူ ၂၀" ကြားနေ ၁၀% ဖြင့် အောင်မြင်ကြောင်းကြောညာအပ်ပါသည်။"
တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် အပြင်က ပြည်သူတွေပါ အောင်ပွဲခံကြပြီး တစ်နိုင်ငံလုံး LGBTQ+ Rainbow အလံများ ကောင်းကင်တွေလွှင့်ပျံလျှက်ရှိပေမဲ့ မပျော်ရွှင်သူ တစ်ယောက်ရှိလို့နေသည်။
လွှတ်တော် ခန်းမထဲကထွက်ပြီး ကားထဲ၀င်ရောက်ကာ
"ဦးထွန်း စိတ်ညစ်ရင်သွားနေကျနေရာ မောင်းပေးပါ"
YOU ARE READING
အတိတ်ဘ၀အချစ်(Ongoing)
Romanceအတိတ်ဘ၀ က ချစ်ရသူက လက်ရှိဘ၀ထိ မှတ်မိနေပါ့မလား တရားမရှိဖူးပြောပြော ဆုတောင်းမှားတယ်ဘဲပြောပြော သံသရာ၀ဠ်ဆင်းရဲမှာ သူမရှိတဲ့ဘုံဘ၀မှာဘဲနေချင်မိတယ်