အပိုင်း (၃) (U+Z)

3.1K 120 0
                                    

Unicode

*မ စကားပြောနေတာလေ မအိပ်ပါနဲ့*

*မရေ မနောက်နဲ့ကွာ ပြန်ထလို့*

*မ!!!*
-----------------------------------------------------------
"အား!!!"

*ငါ ဘာဖြစ်သွားတာလဲ*

ဆိုပြီး တစ်ကိုယ်လုံး ရှာကြည့်ပေမဲ့ မတွေ့တာကြောင့် အိပ်မက် ဖြစ်နေသည်။ထိုချိန် ပြတင်းပေါက်မှာ ယောဂီ၀တ်စုံနဲ့ လူတစ်ယောက်ပေါ်လာပြီး

"လူကလေး"

"အမေ့!!"

နောက်က အသံဩဩနဲ့လှမ်းခေါ်တာကြောင့်လန့်သွားပြီး စောနက အိပ်မက်ကြောင့်ရော လိပ်ပြာပါ လွှတ်သွားသလားထင်ရသည်။

"မလန့်ပါနဲ့ လူကလေး"

"ပေးစရာနဲ့ ပြောစရာရှိလို့ လာခဲ့တာပါ"

"ပြောပါ ဘာများလဲ"

"လူကလေး ရှာချင်နေတဲ့ အဖြေနဲ့ပတ်သက်ပြီးပါ"

*အို ငါရှာချင်နေတဲ့ အဖြေ ရှေ့က ယောဂီ၀တ်စုံနဲ့လူသိနေပါ့လား ငါကဘယ်သူများလဲ ဟူး*

"ဒီမှာပါ လူကလေး အရင်ဘ၀တုန်းက သစ္စာတိုင်တည်ပြီး အဘိုးကို ပေးခဲ့တဲ့ ဆွဲကြိုးနဲ့ လက်စွပ်လေးပါ ပြီး လူကလေး ‌အဖြေရှာချင် မေကလျာခြံကို ရအောင်ရှာပါ"

ပြောချင်တာ ပြောပြီး ပျောက်ကွယ်သွားတဲ့ ယောဂီ၀တ်စုံနဲ့ ဘိုးတော်ကို လှမ်းအော်ရှာပေမဲ့ ရှာမတွေ့ချေ

"အဘိုး ဘိုးတော်"

သမီးငယ် အခန်းထဲက အသံကြားတာကြောင့် အဖေရယ် အမေရယ် အစ်ကိုရယ်ပါ ဒုန်းစိုင်ပြီး မိမိအခန်းထဲ၀င်လာတော့ မြတ်နိုးတစ်ယောက် သူ့အမေကိုဖက်ပြီး

"အမေ့...ဟင့်...သမီးလေ....နှလုံးရှော့ရိုက်လည်း....ဟင့်... ပြန်မနိုးလာဖူး...ဟင့်....သမီးအရင်ဘ၀က...ဘာများလဲ...ဟင့်"

အမေဖြစ်သူကို ဖက်ပြီး ငိုနေတဲ့ ညီမငယ်ကို ကြည့်ပြီး မိသားစုတွေနွေးထွေးစွာဖက်လိုက်ပြီး အဖေဖြစ်သူက

"သမီး အဖေကို သေချာကြည့် သမီး ဘာတွေမက်တာလဲပြောပြ"

"သမီးမက်တာ ဆေးရုံတစ်ခု ပြီးတော့ အစကစကားပြောနေတာ ပူးတူးလို့ခေါ်တဲ့ တစ်ယောက်နဲ့ နောက်ပြီး သမီးကစကားပြောရင်း အိပ်ပျော်သွားတယ် ပြီးတော့ အဲစကားပြောတဲ့ ကလေးကထအော်တယ် ပြီးတော့ သမီးလန့်နိုးလာတယ်"

အတိတ်ဘ၀အချစ်(Ongoing)Where stories live. Discover now