"ဒေါက်! ဒေါက်! ညီမလေး ကိုကြီးပါ ၀င်ခဲ့မယ်နော်"
"ဟုတ်ကိုကြီး တံခါးဖွင့်ထားတယ်"
"ညီမလေး သူငယ်ချင်းနဲ့ပြသာနာတက်ထားတာလား"
"ဘာလို့လဲ ကိုကြီး"
"အခုရက်ပိုင်း အခန်းအောင်းနေလို့ပါ မဟုတ်ရင် တစ်ယောက်မဟုတ် တစ်ယောက်ဆီအလည်သွားနေကျလေ အဲကျမို့ပါ"
ဒီရက်ပိုင်း မြတ်နိုး ထူးဆန်းနေတာ စောမောင် သတိထားမိတယ်။အရင်ကအခင်ဆူံး သံစဉ်မောင်နဲ့တောင် အပေါင်းသင်းသိပ်မလုပ်ဘဲ အခန်းထဲအောင်းနေတာမို့ ရန်များဖြစ်ထားကြတာလားလို့ အခန်းထဲ၀င်မေးလိုက်ခြင်းဖြစ်သည်။
"ဒီလိုပါ ဘဲကိုကြီးရယ် သူတို့ တစ်ခုခု လျှိုဝှက်ထားတယ်ခံစားရလို့ မပေါင်းတော့တာ"
"ဟမ်!! ညီမလေး ဘာတွေ မပြောဘဲထားတာနဲ့ပြောလေ"
"ကိုကြီး ညီမကိုယုံတယ်မလား"
"ဘာဖြစ်လို့လဲ ဘယ်သူကဘာပြောလို့လဲ"
စောမောင် ကြောင်သွားသည်။ဘာလို့ဆို အရာရာကို သူအမှန်လို့ဆုံးဖြတ်တက်တဲ့သူက ယုံတယ်မလားဆိုတော့ ဘာပြသာနာတက်ထားလို့များလဲဆိုပြီး တွေးပူမိသွားသည်။
"ညီမ အတိတ်ဘ၀ကို ပြန်မှတ်မိသွားပြီ"
"အဲတော့ ညီမ အခုနာကျင်ရတယ်မလား လွှတ်ချသင့်တာတွေ လွှတ်ချလိုက်ပါညီမရယ်"
"လုံး...၀...ဘဲ ကိုကြီး တကယ်လို့ ဒီဘ၀မှာပေါင်းဖက်ခွင့်မရရင်တေင် ယုတ်မာခဲ့တဲ့ ဦးမိုးထွဠ်ခေါင်ကို လက်စားချေရမှ ကျေနပ်မှာ"
သူ့ညီမအကြောင်းသိတယ်။တစ်ခုခုလုပ်ချင်ပြီဆို ဘယ်မှတားမရပေ။အခုလည်းသူဆုံးဖြတ်ထားတာအမှန်ဆို ဘယ်လိုတားဆီးရမလဲ စဉ်းစားရတော့မည်။
"ညီမက ဘယ်လိုလုပ်မို့လဲ သူငယ်ချင်းတွေဝိုင်းတားလို့မခေါ်တာလား ဒါမှမဟုတ် ဘာဖြစ်လို့လဲ"
"ဦးမိုးထွဠ်ခေါင် သမီးကိုရှာမယ် ပြီး သူကိုခံစားရအောင်လုပ်မယ် ပြီး သူတို့ သားအဖနှစ်ယောက် ခံစားရတာကို ခုံပေါ်ကနေထိုင်က်ြည့်မယ် ဟားဟား"
YOU ARE READING
အတိတ်ဘ၀အချစ်(Ongoing)
Romanceအတိတ်ဘ၀ က ချစ်ရသူက လက်ရှိဘ၀ထိ မှတ်မိနေပါ့မလား တရားမရှိဖူးပြောပြော ဆုတောင်းမှားတယ်ဘဲပြောပြော သံသရာ၀ဠ်ဆင်းရဲမှာ သူမရှိတဲ့ဘုံဘ၀မှာဘဲနေချင်မိတယ်