ဟန်ထယ်ဆန်း ဆိုတဲ့နာမည်ကြားတာနဲ့ကလေးကအစခွေးအဆုံးကြောက်ရတယ်သူဆိုလဲမမှားဘူး အမြဲရုပ်တည်နဲ့ရှိပြီး စာတော်သလောက်ရန်ပွဲများတွင်သူကမပါမဖြစ် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဆိုလဲမမှား ဒါပေမဲ့သူ့ရည်းစားလေးကတော့သူနဲ့တခြားစီ အနေအေးပြီ Mr.sunshineလေးပေါ့ နှစ်ယောက်လုံးကတော့စာတော်တဲ့နေရာမှာနှစ်ယောက်မရှိ ဒါပေမဲ့သူတို့နှစ်ယောက်ကိုမေးရင်ဒီတိုင်းအရင်ကတည်းကသိတာကမတက် အဲ့လိုပြောလို့ဘဲ
ရည်းစားစာတွေ ချောကလပ်တွေ ပန်းတွေရတာလဲမဆန်း
သာယာတဲ့နေလေးတစ်နေ့တွင် ဒုံဟျွန်းမှာအသစ်ဝယ်ထားတဲ့ဝတ္ထုစာအုပ်ကိုအတန်းမရှိတဲ့ချိန်ဖတ်မယ်ဆိုပြီးလုပ်နေချိန်"ဒုံဟျွန်းရေ ဒုံမင်းcanteenမှာရန်ဖြစ်လို့တဲ့!!"
အဲ့စကားကိုကြားပြီးနောက် သူ့မှာမိုင်ကုန်canteenကိုပြေးရ
တစ်ဖတ်မှာတော့
"မင်းနောက်တစ်ခါဒုံဟျွန်းကိုပြောကြည့် ငါနောက်တစ်ခါမင်းကိုသတ်ဖို့ပဲလုပ်မှာ"
"နောက်တစ်ခါမပြောတော့ပါဘူး တောင်းပန်ပါတယ်ဒုံမင်းရှီ"
"နောက်တစ်ခါငါ့အရှေ့ဒုံဟျွန်းမကောင်းကြောင်းပြောရင်?"
"အသေပဲ"
"ကျယ်ကျယ်နဲ့နောက်တစ်ခါထပ်ပြော!!"
"အသေလုပ်ပါမယ်!"
ဒုံမင်းလဲရန်ပွဲအဆုံးမှာ သူ့ဒုံဟျွန်းလေးရောက်လာပါတယ်ကြည့်ရတာ သူရန်ဖြစ်တယ်လို့ကြားတောပြေးလာတာထင်တယ် လက်မှာလဲfirst aid kitလေးနဲ့
"ဒုံမင်းနားဘာဖြစ်သွားသေးလဲ, ဘယ်နားထိသွားသေးလဲ ,ဘယ်သူနဲ့ဖြစ်တာလဲ,ဘာအကြောင်းနဲ့ဖြစ်တာလဲ?"
"ဖြည်းဖြည်းမေးပါ ချစ်ရယ် ငါဘာမှမဖြစ်ဘူးနှုတ်ခမ်းနားဘဲသွေးထွက်သွားတာပါ"
သူတို့နှစ်ယောက်ကို ကြည့်နေတဲ့သူတွေမှာစိတ်တောင်လေတယ် စောနကဟန်ဒုံမင်းနဲ့အခုဟန်ဒုံမင်းနဲများတခြားစီဆိုပြီး ကျောင်းကလူတိုင်းသည်သူတို့အတွဲကိုနာမည်ပေးထားတယ် "sunshine and sunshine protecter" ဆိုပြီး ကျောင်းမှာသူတို့အတွဲသည်အမြဲဆုံးအတွဲလို့လဲပြောကျသည် တခြားအတွဲတွေဆို ၁လ၂လ အများဆုံး၁နှစ်ပေါ့ ဒုံမင်းတို့အတွဲကျတော့ ၂နှစ်ခွဲ၃နှစ်ထဲဝင်လာခဲ့