အချိန်တွေကအရမ်းမမြန်လွန်းဘူးလား ဒီနေ့ဆိုဘာလိုလိုနဲ့ထယ်ဆန်းနဲ့သူ လမ်းခွဲခဲ့ရတာ၃နှစ်ရှိပြီ အကြောင်းရာကတော့ နှစ်ယောက်သားရဲ့ဘဝအခြေနေမတူတာကြောင့်မိဘများကသဘောမတူချင်း ကြောင့်လမ်းခွဲလိုက်ရတယ် သူကတော့အရမ်းကြီးလဲချမ်းသာတဲ့ထဲမဟုတ်သလို အလယ်တန်းစားလူလို့ပြောရမှာပေါ့ ထယ်ဆန်းကတော့ Han fashion industry ရဲ့တစ်ဦးထဲသော သားလဲဖြစ် မိဘတွေမှာပိုက်ဆံကိုရေလိုသုံးကြ သူနဲ့တော့တခြားစီပေါ့
သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုက တခြားလူတွေလိုတော့ကဗျာမဆန်ဘူး ထယ်ဆန်းကသူလုပ်နေတဲ့café လေးကိုအမြဲလာနေကျသူပေါ့ တစ်ခါလာတိုင်းလဲမိန်းကလေးတစ်ယောက်ပြီးတစ်ယောက်
ဒါပေမဲ့ရုတ်တရပ်ကြီးထပြီး "အီဟန်နား ငါတို့တွဲကျရအောင်"လို့ပြောချင်ရာပြောပြီးပါးကိုနမ်းပါသွား အီဟန်သည်အချိန်ခနလေးတွက်ဖြစ်ပြတ်သွားတဲ့ကိစ္စကိုမနည်းပြန်စဥ်းစားနေရ
ပြောရမယ်ဆိုအဲ့အချိန်တွေပြန်သွားချင်မိတယ် အဲ့ထဲကငြင်းလိုက်ရင်အခုကြရင်အေးဆေးပဲဖြစ်နေမှာ အခုကျတော့တော်တော်နဲ့မမေ့နိုင် အီဟန်သည်ထယ်ဆန်းကိုလွမ်းတိုင်း ထယ်ဆန်းသူ့ကိုပေးထားတဲ့ပစ္စည်းတွေသိမ်းထားတဲ့ ဘူးလေးကိုဖွင့်ဖွင့်ကြည့်မိတယ် သူရိုက်ပေးထားတဲ့Polaroid တွေ၊ရေးပေးထားခဲ့တဲ့စာစောင်လေးတွေ၊သူနဲ့ဆင်တူဝယ်ထားတဲ့လက်စွပ်လေးတွေတောင်ရှိသေးတယ် တခြားလူတွေကတော့သူ့ကိုမြင်ရင်ရယ်နေမိမှာသူသိနေ အရာရာကိုခေါင်းကျောတင်းတဲ့သူက ဟန်ထယ်ဆန်းနဲ့ကျမှမျက်ရည်နဲ့မျက်ခွက်ဖြစ်ရ အခုတော့ထယ်ဆန်းလဲဘာတွေလုပ်နေမလဲဆိုတာအရမ်းသိချင် သူလဲဆက်စဥ်းစားမနေပဲအိပ်လိုက်တော့တယ်●
(ဒေါက်×3)
အီဟန်သည် တံခါးကိုအဆက်မပြတ်ခေါက်နေသံကြောင့်နိုးသွားပြီး သွားဖွင့်လိုက်ချိန်"မတွေ့ရသာကြာပြီနော် ဘေဘီ"အီဟန်သည် သူအိမ်မက်မတ်နေတယ်လို့ထင်နေပြီး ရုတ်တရပ် ပါးပေါ်အနွေးဓာတ်တခုခုခံစားမိမှ အိမ်မက်မဟုတ်ဘူးပဲ
"ဘာလာလုပ်တာလဲ?"အီဟန်ရဲ့အမေးကိုကြားပြီး ထယ်ဆန်းစိတ်အနည်းငယ်မကောင်းမိ သူ့ရဲ့အဖေလုပ်ကိစ္စတွေကြောင့် ထိုလူသားလေးကိုလမ်းခွဲခဲ့ရပြီးLondon မှာသွားနေရခဲ့တာပေါ့ အီဟန်ကိုသူအခုသေချာကြည့်မှ အရင်ကလိုပါးဖောင်းဖောင်းလေးပျောက်သွားပြီး အရင်ကလိုဆံပင်အမဲရောင်လေးမဟုတ်တော့ပဲ ချောကလပ်အညိုရောင်လေးဖြစ်နေ