၀ံပုလွေ၏ သွေးဆောင်ဖြားယောင်းမှု
စာရေးသူ : ၀ူးကျယ်
ဘာသာပြန်သူ : ယင်း
အပိုင်း၁ ချောက်ကမ်းပါးကနေ ခုန်ချလိုက်ပြီ
ရွှီပေမှာ အနောက်ကနေ ပုစိန်တိုကို ကိုင်၍ အနားတိုးကပ်လာသော လူကို ကြည့်ပြီး ၊ နည်းနည်း မျှော်လင့်ချက် ကင်းမဲ့သွားမိသည်။အရှေ့ဘက်တွင် လမ်းမရှိတော့ပေ။
လမ်းမရှိတော့ရုံပဲဆို ထားလိုက်ပါတော့။အရှေ့ဘက်တွင် ချောက်ကမ်းပါးတစ်ခုက ရှိနေသေးသည်။သူ တစ်ချက် ဝေ့ကြည့်လိုက်မိသည်။ဖြူစွတ်စွတ် နှင်းပြင်ကြီး တစ်ခုက လွဲလို့ ၊ တစ်ခြား အမွေးတစ်မျှင်ပင် ရှိမနေချေ။ဒါကိုသာ ခုန်ချလိုက်ပါက ၊ နောက်ပြန်ရေတွက်လိုက်လျှင် နှစ်ဆယ့်ခြောက်နှစ်သာရှိသော တိုတောင်းသည့် ဘ၀က ကုန်ဆုံးသွားမှာပင်။
သူ ဒီနေရာမှာ တကယ်ကြီး မသေချင်ပေ။မဟုတ်သေးပေ။ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ၊ သူ တကယ် မသေချင် ခြင်းပင်။
ကောင်းကင်ဘုံက လှပသည်ဟု လူတိုင်းက ပြောကြသည်။သို့သော်လည်း ဘယ်သူမှ မသွားချင်ကြပေ။သူ့အမေမျက်လုံးထဲမှာပင် ငရဲပြည်ကိုသာ ဆင်းနိုင်မည်ဟု ထင်နေသော သူ့အတွက်က ပိုဆိုးသည်ပင်။
မင်းမေလူးလို တာ့ပန်းထုံ ၊ ဒီလို ငှက်တွေတောင် မစင်မစွန့် ကြက်တွေပင် ဥမချသည့် နေရာမျိုးမှာတောင် ၊ လောင်ဇီကို တွေ့အောင် ရှာနိုင်တယ်။FBI တောင် ခင်ဗျားလောက် မတော်ဘူး !
သူ ကိုယ်ကိုလှည့်၍ ၊ ချောက်ကမ်းပါးဘေးရှိ ခြောက်သွေ့နေသော သစ်ပင်တစ်ပင်ပေါ်တွင် မှီပြီး ၊ သူ တွားသွားလိုက် လှိမ့်လိုက်ဖြင့် ပြေးလာခဲ့ချ်ိန်က ကျနေခဲ့သည့် ထိန်လန့်စရာ သွေးများကို ကြည့်နေရင်း အားနည်းနည်း ပျက်လာခဲ့သည်။သူ သွေးမြင်ရင် မူးတတ်သည်။အထူးသဖြင့် ကိုယ်တိုင်၏ သွေးကိုပင်။
"ပန်းကော ၊ ပန်းရယ်....." ရွှီပေမှာ Hummer ပေါ်မှ ဖြေးဖြေးချင်း ဆင်းလာသည့် ပန်းတာ့ထုံကို ကြည့်နေရင်း ၊ စိတ်ထဲတွင် တင်းကြပ်သွားမိကာ ၊ ပါးစပ်ကတော့ ရိုးသားမှု ရှိမနေပေ။ "လူကြီးမင်းက ကျွန်တော့်လ်ို အသေးအဖွဲလူကို ရှာဖို့ ဒီလောက်အားတွေ ကုန်ခံနေတာ ၊ မတန်ပါဘူး"