၀ံပုလွေ၏သွေးဆောင်ဖြားယောင်းမှု

452 30 0
                                    

၀ံပုလွေ၏သွေးဆောင်ဖြားယောင်းမှု

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

ခက်ခဲကြမ်းတမ်းစွာ ဖိအားပေးခံနေရသည့် သနားစရာလူငယ်လေး ရွှီပေမှာ တစ်လျှောက်လုံး ခါးပိုက်နှိုက်အလုပ်အား သတိရှိရှိဖြင့် လုပ်ခဲ့သည်။

မမျှော်လင့်ထားစွာဖြင့် သူ ဖိအားပေးခံလိုက်ရပြီး ၊ မတန်တဆအတိုးဖြင့် ကြောက်လန့်စရာကောင်းသော ချေးငွေအမြောက်အများကို အကြွေးတင်သွားခဲ့ရသည်။

အကြွေးပေးရန် ဖိအားပေးခြင်းနှင့် အကြွေးမပေးချင်၍ ဆန့်ကျင်သော တိုက်ပွဲတွင် ၊ သနားစရာ လူငယ်လေးမှာ ချောက်ကမ်းပါးပေါ်မှ ခုန်ချခဲ့ရသည်။သို့သော်လည်း ပိုပြီး ၀မ်းနည်းဖို့ကောင်းသည်မှာ သူ မသေဆုံးခဲ့ခြင်းပင်။

ထို့အပြင် ချောက်ကမ်းပါးပေါ်မှ ခုန်ချသည့် အချိန်၌---၀ံပုလွေတစ်ကောင်ကို ကောက်ရခဲ့သည်။

အနှစ်ချုပ်ရလျှင်တော့ ဤသည်မှာ အကြွေးကို မဆပ်သည့် လူတစ်ယောက်က ၀ံပုလွေလေးတစ်ကောင်ကိုကောက်ရခဲ့သည့် ဇာတ်လမ်းပင်။

အဓိကဇာတ်ကောင် : ရွှီပေ ၊ လန်ကျို

အရံဇာတ်ကောင် : ပန်းတာ့ထုံ ၊ ချောင်ချန်း ၊ ရွှီလင် ၊ ယဲ့မင်မင် ၊ ကျူးရှောင်လေ

-----

အွန်လိုင်း၀တ္ထု တည်းဖြတ်သူ၏ မှတ်ချက်

တစ်လျှောက်လုံး သတိရှိရှိနဲ့ ခါးပိုက်နှိုက်အလုပ်ကို လုပ်လာခဲ့တဲ့ ရွှီပေက ၊ သူ့အဖေရဲ့ ဒုက္ခပေးမှုကြောင့် မတန်တဆအတိုးနဲ့ အကြွေးကြီးတစ်ခု အကြွေးတင်သွားခဲ့တယ်။

အကြွေးများလာရင် လူကိုမပိတော့ဘူး ဆိုတဲ့အတိုင်း ၊ အဆိုးဆုံးမှ သေရုံပဲ ရှိတယ်လို့ ခံယူထားတယ်။ဖိအားပေးခံရလို့ ကူကယ်ရာမဲ့ပြီး ချောက်ကမ်းပါးပေါ်ကနေ ခုန်ချလိုက်တဲ့ ရွှီပေက ၊ မသေတဲ့အပြင် ၀ံပုလွေတစ်ကောင်ကိုတောင် ကောက်ရခဲ့လိုက်သေးတယ်။ပြီးတော့ တန်ကြေးမနည်းတဲ့ နှင်း၀ံပုလွေ ဖြစ်နေတယ်။

၀ံပုလွေလေးကို နည်းနည်း၀လာအောင် ကျွေးမွေးပြီးမှ ရောင်းစားလိုက်မယ်လို့ ရွှီပေ တွေးထားတယ်။မမျှော်လင့်ထားစွာနဲ့ပဲ ချောကလက်တစ်ချို့ ကျွေးလိုက်တဲ့နောက်မှာ ၊ ၀ံပုလွေလေးက လူအဖြစ် ပြောင်းသွားခဲ့တယ်။

၀ံပုလွေ၏သွေးဆောင်ဖြားယောင်းမှုWhere stories live. Discover now