အပိုင်း(၂၂)uni

4.9K 295 54
                                    

မီးတွေအမှောင်ပိတ်နေသောအခန်းတွင်းတွင် သီချင်းသံစဉ်တစ်ခုပြန့်လွှင့်နေလေသည်။
ရက်သတ်တစ်ပတ်လုံး ထပ်ခါထပ်ခါနားထောင် နေပေမဲ့ ရိုးအီခြင်းမရှိပဲ ရင်ထဲက နာကျင်မှုကိုသာ ပိုတိုးလို့ဖြစ်ပေါ်နေစေ၏။

မတွေးချင်လဲပြန်တွေးနေမိ
မေ့ရင်လဲပြန်သတိရပြီး
အို အမှတ်မရှိသေးဘူးငါ လွမ်းဆွတ်
မဖြစ်ချင်ခဲ့တာတွေ ဖြစ်ကုန်ပြီ
မှားနေလည်း..ငါဆက်မှားပြီ
ဒုက္ခများကုန်ပြီ..ဟာ..ဟာ..

ရုန်းထွက်ရင်းနဲ့ဆက်ဆက်နစ်ခဲ့
ဖြတ်တောက်တိုင်းလဲ ဖြတ်ဖို့ခက်တဲ့
သံယောဇဉ်....
သံယောဇဉ် သံယောဇဉ်
ငါလေအပျက်အပျက်နဲ့ သွေးထွက်ခဲ့တယ်
သံယောဇဉ် သံယောဇဉ်
လူကိုအရူးတစ်ပိုင်းဖြစ်စေတယ်.......

ဆက်နောင် ဘဝက ယခုထိုသီချင်းထဲက အတိုင်းပင်ဖြစ်နေလေသည်။ ရုန်းထွက်ချင်ပေမဲ့ ဆက်ပြီးသာနစ်ဝင်နေခဲ့သည်မို့လား။ စစ်သွင်မရှိတဲ့သူ့ဘဝဟာ ဘာအဓိပ္ပာယ်မှမရှိတော့သလိုခံစားနေရသည်။ မနက်ခင်းတိုင်း လာနိုးမဲ့သူမရှိတော့သလို မနက်စာပြင်ပေးမဲ့သူလဲမရှိတော့ပေ။ အခန်းထဲမှာ သူ့ဖွထားသဖြင့်ကို ပွစိပွစိပြောကာ လိုက်ရှင်းပေးမဲ့သူလဲမရှိတော့ပေ။ ညအိပ်ခါနီးတိုင်းခိုဝင်နေကျရင်ခွင်လေးဟာလဲမရှိတော့ပါ။သူနဲ့အတူဂိမ်းဆော့ သူနဲ့အတူရီမောခဲ့သောထိုပုံရိပ်လေးမှာ ရှာမရအောင်ပျောက်ကွယ် နေလေသည်။ ထိုအရာတွေကို ဆက်နောင်လုံးဝအသားမကျသေး။ သူ့အခန်းရဲ့နေရာတိုင်းမှာ စစ်သွင်ပုံရိပ်တွေကိုသာမြင်ယောင်နေမိသည်။ သူ့အဝတ်တွေကို ကောက်သိမ်းရင်းဆူနေတဲ့လူကြီးလေး၊ အိပ်ရာထပျင်းတဲ့သူ့ကို မရမက နိုးတဲ့လူကြီးလေး၊ သူ့ကိုအမြဲပြုံးပြနေတတ်တဲ့
လူသားလေးက ခုတော့သူ့ဘေးမှာတကယ်ပင်မရှိတော့ပေ။

ဆက်နောင် အလွမ်းတို့ကို beer နဲ့မေ့အောင်ကြိုးစားပေမဲ့လဲ မူးနေတာတောင်သူသတိရနေမိတုန်း ရင်ထဲက တစ်ဆစ်ဆစ်နာကျင်မှုနဲ့အတူ ဒီအခန်းလေးထဲမှာ ပိတ်မိနေသည်မှာ ၂ပတ် ခန့်ရှိလေပြီ။ မည်သူကိုမှလဲ မတွေ့မခံပဲ အရူးတစ်ယောက် လိုသာ ငိုကြွေးရင်း ဖြတ်သန်းဖြစ်သည်။ အစားအသောက်လဲမမှန် ၊ အိပ်တာလဲ မမှန် ၊ နောက် ဆုံး နေ့နဲ့ညကိုပင် ဆက်နောင်မသိတော့ပါ။ သူသိသည်က Alcohol နဲ့ ဆေးလိပ်ပင်။

My Property (ongoing)Where stories live. Discover now