အပိုင်း(၁) uni & zg

49.7K 1.4K 30
                                    

Unicode

ဒုန်း.....

အုန်း....

ကြီးမားထည်ဝါလှသော စံအိမ်ကြီးအတွင်းတွင် မနက်ခင်းလင်းရောင်ခြည်သန်းသည်နှင့်တစ်ပြိုင်နက်ပစ္စည်းများ ပစ်ပေါက်သံများ၊အော်ဟစ်သံများ ဆူညံလေတော့သည်။ ဤသည်ကား
နေ့တိုင်းဖြစ်နေသောဖြစ်စဉ်တစ်ခုသာ၊
တစ်နည်းအားဖြင့် "သက်ထက်မြိုင်" စံအိမ်ကြီးရဲ့ မနက်ခင်းအသေးစားစစ်ပွဲလေးတစ်ခုပင်။

" အကုန်လုံး ဘယ်ရောက်နေကြတာလဲခုချက်
ခြင်းလာကြစမ်း "

စံအိမ်ကြီးရဲ့ အပေါ်ဆုံး ၃ ထပ်မှ ဒေါသတကြီးအော်ခေါ်သံကြောင့် အိမ်အကူများမှာပြာယာခပ် လျက်အပြေးတက်လာကြရတော့သည်။

" ဘယ်သူအမှားလုပ်ပြန်ပီလဲဟယ် ဒီနေ့ဘယ်
နှစ် ယောက်အလုပ်ထုတ်ခံရမလဲမသိတော့ဘူး"

သူ့ထက်ငါဦးအောင်အပြေးအလွှာလာနေကြသော အိမ်အကူများက တစ်ယောက်ကိုတစ် ယောက်ကြည့်ကာ ပြောဆိုနေကြသည်။

" အေးဟယ် ငါတော့ အကိုလေးကြောင့်နဲ့
နှလုံးရောဂါရတော့မယ် "

အိမ်အကူ မိန်းကလေး ၇ယောက် နှင့် ယောကျာ်းလေး ၈ယောက်တို့မှာ အော်ဟစ်နေသူ၏
အခန်းရှေ့တွင် အစီအရီရပ်နေလိုက်ကြတော့
သည်။ ထိုအထဲမှ အိမ်တော်ထိန်းကြီး ဦးမြင့်ဟန် မှာ အလုပ်သမားအားလုံးရဲ့ရှေ့တွေ မတ်တပ်
ရပ်နေ၏။

ထိုစဉ်အခန်းထဲမှ တံခါးဖွင့်ကာ ထွက်လာသူဟာ
အကျီဝတ်မထားပဲ အောက်တွင် style plant အနက်ကိုသာဝတ်ထားသည်။ ခါးထောက်လျက် တည်တင်းနေသော မျက်နှာကျောနှင့် ကြောက်စရာကောင်းစွာ အလုပ်သမားများအားစိုက်ကြည့်နေသည်မှာရေခဲတမျှပင်အေးစက်လို့။အသက်
နှင့်မလိုက်စွာ မြင့်မားသောအရပ်နှင့်အတူချောမောခန့်ခြားလွန်းလှတဲ့ မျက်နှာနှင့်ဆန့်ကျင်စွာ ဒေါသအငွေ့အသက်တွေနဲ့ စိုက်ကြည့်နေသူဟာ "သက်ထက်မြိုင် " စံအိမ်ကြီး၏ အရှင်သခင် "THM" group ၏အမွေဆက်ခံသူ " မာန်ဆက် နောင်" သာ။

" သားလေး ဘာဖြစ်လို့လဲ ဦးမြင့်ကိုပြောပါ"

တိတ်ဆိတ်နေသောရပ်ဝန်းအား ဦးမြင့်က စကားစလိုက်ကာမေးမြန်းလေသည်။

My Property (complete)Where stories live. Discover now