ရေးစစ်မနက် ၆ နာရီကတည်းကနိုးနေသည်။ ဒါဟာသူ့အတွက်ပုံမှန်နိုးချိန်ဖြစ်သဖြင့် မျက်နှာသစ်သွားတိုက်ပြီးတာနှင့်ကောင်လေးအတွက်မနက်စာပြင်ပေးရန်အောက်ထပ်သို့ဆင်းလာခဲ့လိုက် သည်။
အောက်သို့ရောက်တော့ အိမ်အကူကောင်မလေးများမှာ သန့်ရှင်းရေးလုပ်သူ ၊ ဘုရားပန်းလဲသူ ၊ မီးဖိုချောင်ဝင်သူနှင့် အစီအရီအလုပ်ရှူပ်နေကြသည်။ စစ်သွင်ကိုတွေ့သည်နှင့် ပြုံးပြနှုတ် ဆက်ကြ၏။စစ်သွင်လဲအသိအမှတ်ပြုကာပြန်လည်နှုတ်ဆက်လိုက်သည်။ တကယ်ဆိုကိုယ် လဲဒီအိမ်ကဝန်ထမ်းပေမဲ့ရာထူးအလိုက်လေးစားမှုပြုကြသည်။ စစ်သွင်မီးဖိုချောင်ထဲဝင်လာလိုက်တော့ ကြီးမေ က ကောင်မလေးတစ်ယောက်နဲ့အတူ မနက်စာလုပ်ဖို့ပြင်နေပြီ၊ ကြီးမေဆိုတာ ဦးမြင့်နဲ့အတူအလုပ်ဝင်ခဲ့တဲ့ အိမ်တော်ထိန်းဒေါ်မေမြင့်ပင် ၊ ရွာပြန်နေ၍ မနေ့ကမှပြန်ရောက် သည်ဟုသိရ၏။
" အထိန်းတော်လေး ဘာလိုလို့လဲ မနက်စာစားတော့မလား "
" ရပါတယ်ကြီးမေ ကျွန်တော်မဆာသေးပါဘူး ခုက ကောင်လေးအတွက် မနက်စာလာပြင်တာပါ"
" အော် သားသားကမနက်စာမစားဘူး အထိန်းတော်လေးရဲ့ ကြီးမေတို့လဲပြောလို့မရပါဘူး
ကွယ် ဖွားဖွားကြီးဆုံးပီးကတည်းက ကလေးက ခုလိုတွေဖြစ်သွားတာ ၊ ဒါကြောင့်လဲအစာအိမ်
ခနခနနာပီးဆေးရုံရောက်ရတာ ကြီးမေတို့တော့ သားသား ကို သိပ်သနားတာပဲ ၊ အကိုကြီး နဲ့ မမလေးတို့ကလဲ သူတို့အလုပ်နဲ့သူတို့ဆိုတော့ ကလေးကိုဂရုမစိုက်နိုင်ကြဘူးလေ ၊ သူတို့လင်မယားတောင်အိမ်မှာထမင်းစားတာရှားတယ် စားမယ်ဆိုလဲ ကြိုအသိပေးမှကြီးမေတို့ကပြင်ပေးရမှာ ဒီနေ့တော့ အကိုကြီးတို့ မနက်စာစားကြမှာမို့ပြင်နေတာလေ "ကြီးမေကမျက်နှာမကောင်းစွာနဲ့ပဲ ပြောပြလာ
သည်။ စစ်သွင်လဲ မနေ့ကမှအလုပ်စဝင်တာဆိုတော့ သေချာအလုံးဆုံတော့ မသိသေးချေ။ ပထမဆုံးအလုပ်ကတော့ကောင်လေးကို
စားချိန်မှန်အောင် ကျွေးရမည်ပင်။" ဟုတ်ကဲ့ကြီးမေ ကျွန်တော့ချော့ကျွေးကြည့်မလို့ မနက်ခင်းအရင်ကဆိုဘာစားလဲ "
YOU ARE READING
My Property (complete)
Romance"သက်ထက်မြိုင်" စံအိမ်ကြီးရဲ့သခင်လေး အသက်၁၅ နှစ်အရွယ် မာန်ဆက်နောင်ကို ဆိုးလွန်းလို့ ထိန်းကျောင်းရန်အတွက် ရေးစစ်သွင်ဆိုတဲ့အထိန်းတော် တစ်ယောက် ရောက်ရှိလာပါတယ်။ သခင်လေးနဲ့အထိန်းတော် ဘယ်လိုတွေစခန်းသွားမလဲ emma နဲ့အတူ လိုက်ပါ စီးမျောလိုက်ရအောင်နော်❤️ Star...